Chapter 13 : 8 Letters ...

874 126 74
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"8 Letters - Why Don't We"
01:35 ─────●───── 03:11
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

"Ricky ..."

အရေးပေါ်လှေကားရဲ့ လှေကားထစ်မှာ ထိုင်လျက် တသိမ့်သိမ့်တုန်နေသော ကောင်လေးကို မြင်လိုက်ရချိန်မှာ Gyuvin သည် အသံမာမာနဲ့ပင် လှမ်းမခေါ်ရက်တော့။

Ricky လို ကျော့ကျော့မော့မော့ ဆံဖျားအစ ခြေဦးအဆုံး ပြင်ဆင်ခြယ်သပြီးမှ ပြင်ပလေထုနဲ့ ထိတွေ့တတ်သူက ဒီလိုအခြေအနေမှာ ဓာတ်လှေကားသုံးပြီး ဟိုတယ်အပြင် ထထွက်ပြေးမသွားတာကိုပဲ ကျေးဇူးတင်ရင်း Gyuvin သည် သူ့ဘေး ဝင်ထိုင်သည်။

ခေါင်းငုံ့ပြီး သူ့ကို ငဲ့ကြည့်သည်။
ဒါမျိုး အခေါက်ရေများစွာ လုပ်ဖူးခဲ့သလို။

Ricky သည် ရင်မဆိုင်ချင်သလို ဒူးနှစ်ဖက်က လှေကားလက်ကိုင်ရဲ့ စတီးတိုင်တွေဘက် ယိုင်သွားသည်။ အေးစက်သော စတီးတိုင်နဲ့ အထိမှာ ဖွေးဥဖြူနုသော ဒူးနဲ့ပေါင်က ဆတ်ခနဲ။ ပြီးတော့ လူကလည်း ခါးကနေကို ချာခနဲ ဝင်ရိုးလှည့်ကာ သူသည် Gyuvin ကို အတတ်နိုင်ဆုံး အတွေ့မခံ။ မျက်နှာလေးက ခေါင်းငိုက်စိုက်နေသော ဆံပင်တွေကြားမှာ နီရဲနေသည်။

မျက်ရည်တွေနဲ့။

Gyuvin ဒါတော့ သိသည်။
သူသည် ဘွဲ့ရကျောင်းသားနှုတ်ဆက်ပွဲလို နေရာမှာတောင် မငိုဘူးလို့ နာမည်ရှိသည်လေ။ သူ့လက်ရာကို သတင်းထဲ ချီးကျူးဖော်ပြခံရတုန်းကရော သူရည်းစားရသွားချိန်မှာ မစားရသည့်အမဲ သဲနဲ့ပက်သလို သွားပုတ်လေလွင့်အပြောခံရတုန်းကရော သူ မငိုကြောင်း လူတိုင်းက ပြောသည်လေ။

ဒီလို Ricky က ငိုခဲ့သည်ပဲ။
အကြိမ်ကြိမ်။

Gyuvin ရှေ့မှာ။
Gyuvin ကြောင့်။

"Ricky .........

Gyuvin သည် သူ့ပခုံးကို ထိဖို့ ကိုယ့်ကိုယ်ကို မသတီသလို ခံစားရသည်။ အပြစ်သားလို ခံစားရသည်။ ရန်ဖြစ်စကားများတာလောက်လေးနဲ့ပင် တစ်မိုးအောက်တစ်ယောက် Kim Gyuvin ကို ဒီလို စေစားနိုင်စွမ်းရှိမှန်း သူကတော့ မသိနိုင်ပြီ ထင်သည်။

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedTempat cerita menjadi hidup. Temukan sekarang