𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Greedy - Tate McRae"
01:19 ─────●───── 02:34
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
ကျောင်းပရဝဏ်မှာ ကန်တင်းက အခု၃၀မက။ အဲ့ဒါကို ဒီကန်တင်းရဲ့ ဒီစားပွဲကိုမှ မျက်နှာချင်းဆိုင်ခုံမှာ လာထိုင်သည်ဆိုတာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်။ ပြီးတော့လည်း တက္ကသိုလ်ရဲ့ F4 ရောက်နေသည်ဆိုတဲ့ သတင်းက ကန်တင်းကို ပုံမှန်ထက် နည်းနည်းပိုစည်သွားစေသည်လေ။
"Oppa ဘာလို့ လာရတာလဲ ငါ အနေရခက်အောင်"
Haewon သည် အခုလေးတင် ထမင်းလင်ပန်းကို ဂလွမ်ခနဲ ပစ်ချလိုက်သော သုန်မှုန်နေသည့် အစ်ကိုဖြစ်သူကို ခရီးရောက်မဆိုက် နှင်လွှတ်သည်။
"Oppa ခါတိုင်းဆို ကျောင်းမှာ ထမင်းစားတာလည်း မဟုတ်ဘဲနဲ့"
"စိတ်မချလို့ ရောက်လာတာပေါ့"
Ricky ထံ မျက်ထောင့်နီကြီး လွှားခနဲ ရောက်လာသည်။ သူသည် ညီမဖြစ်သူကို အောင့်သက်သက် ဖြေရင်း Ricky ကို အကြည့်နဲ့ ပြာချချင်နေပုံ။ Ricky က ငါက ဘာလုပ်နေလို့လဲဆိုသည့် အမူအရာနှင့် ပခုံးတွန့်ပြသည်။ Haewon ခမျာ နှစ်ယောက်သားကြား မျက်လုံးလေး ကလည်ကလည်နှင့်။ ဘယ်ကနေ ဘယ်လို သမီးယောက်ဖတွေ အမြင်မကြည်ကုန်ကြမှန်း သူမ မပြောတတ်သော်ငြား။ သေချာသည်က လက်သည်တရားခံက Gyuvin သာ ဖြစ်မည်။
"ကောကော Oppa က တစ်ခုခု ရန်စထားသေးလား ကောကော အခက်တွေ့အောင် လုပ်ထားတယ်မလား"
"အဲ့ဒါက .........
"စွပ်စွပ်စွဲစွဲ Haewon ရယ် နင့်အစ်ကို ငါက ဘယ်လောက်စိတ်ထားမွန်မြတ်လိုက်တဲ့ လူသားလဲ သိရဲ့သားနဲ့"
သူက Ricky စကားကို နင်းဖြတ်ပြီး ဒရမ်မာတွေ ခင်းပြသည်။ Ricky သည် သူ့ကို ဂရုထားမနေတော့ဘဲ စားစရာရှိတာ ဆက်စားနေလိုက်သည်။ သူလိုလူမျိုးက Attention သွားပေးနေမိရင် ကိုယ့်အရှုံးပေပဲမလား။
"Baby အာ ...
Ricky သည် Haewon ကို ပါးစပ်ဟဖို့ ဟန်ပြသည်။ လက်ထဲက တူမှာ အမဲသားလွှာလေးက တလှပ်လှပ်။ သူမက မျက်လုံးလေးမှိတ်ပြီး ရည်းစား၊ ရည်းစားကိုမှ တက္ကသိုလ်ရဲ့ သရဖူလို ယောင်္ကျားက ခွံ့ကျွေးသော ဟင်းကို ဇိမ်ခံပြီး စားဖို့ ငံ့လင့်သည်။

DU LIEST GERADE
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."