𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Mind Games - Sickick"
02:10 ─────●───── 04:20
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
⚠︎ Trigger Warning : Violenceစတူဒီယိုမရောက်ခင် ဖုန်း ဝင်လာသည်။ Ricky သည် Gyuvin ကို ကျောခိုင်းပြီး ခိုးချောင်ခိုးဝှက် ဘောင်းဘီနောက်အိတ်ထဲကနေ ဖုန်းကို ယူထုတ်သည်။
Incoming ㄱㅇㅇ
ကိုကို့ကလီစာပိစိ :・*♪⑅◡̈*
Gyuvin က သူ့နောက်ကျောရဲ့ အောက်နား ခပ်စောင်းစောင်းကို ကြည့်နေသလို ခံစားရတဲ့အချက်မှာ သူ ကယောင်ကတန်းတွေဖြစ်ပြီး ဖုန်းလွတ်ကျသည်။ Gyuvin ပြောခဲ့ဖူးသည်မလား။ ငါ မင်းတင်တွေကို သဘောကျသည်တဲ့လေ။
Gyuvin နောက်ခဲ့သည်လား။
Gyuvin က ဂေးလား။"ကိုင်လိုက်"
Gyuvin သည် ဖုန်းကို ကောက်ပေးပြီး လက်ထဲထိုးထည့်သည်။ အမိန့်က တစ်သွေးတစ်သံဆန်သည်။ ညီမဖြစ်သူက တဖက်မှာ စောင့်နေရလို့ထင်သည်။ ဒီလိုပဲ Ricky ထင်ချင်သည်။ မဟုတ်တောင် Kim Gyuvin ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် သူ အတော်ခေါင်းစားနေပြီလေ။
"ကောကော ညနေကျ ဆိုင်ထိုင်ရအောင် New York Taxi Dessert မှာ"
"အဲ့မှာက ကားပါကင်မှ မရှိတာ Baby ရဲ့"
Ricky ပြောပြီးမှ မလုံမလဲ မျက်လုံးလှန်ကြည့်မိသည်။ Kim Gyuvin ထံကနေ မျက်ထောင့်နီကြီး ဒိုင်းခနဲ ရောက်နေသည်ပဲ။ ဒါက ညီမဖြစ်သူကို ငြိုငြင်ရကောင်းလားလို့ အဓိပ္ပါယ်ရသည်။ ထပ်ပြီး ဘာသာပြန်ရမယ်ဆိုရင်ဖြင့် မင်းမှာ ငါ့ညီမကို အထွန့်တက်စရာ ဘာအကြောင်းမှမရှိ လို့ ယူဆနိုင်သည်။
"အဲ့က Double Chocolate Chip စားချင်လို့ဟာကို ကောကလည်း"
"ဒါမယ့် ကိုယ် Assignment လုပ်စရာ ရှိနေတာ Baby ရယ် ဒီလိုလုပ် Baby စားချင်တာ ကိုယ် ဝယ်လာပြီး ညကျ အိမ်လာပို့ပေးမယ်လေ နော် အား!!!
"ကောကော ဘာဖြစ်တာလဲ"
Ricky သည် မျက်နှာပေါ် ပါးနီဘူး မှောက်ကျသလို မျက်လုံးထဲလည်း သွေးတိုးသွားရသလို Gyuvin ကို မုန်ယိုပြီး ကြည့်သည်။

KAMU SEDANG MEMBACA
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fiksi Penggemar[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."