Chapter 6 : Into You ...

873 135 61
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Into You - Ariana Grande"
02:12 ─────●───── 04:15
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

အချစ်ကို သိပြီးနောက် နေ့ရက်အချို့သည် Ricky အတွက် သိပ်အဆင်မပြေပါ။ အကြောင်းမှာ အကြောင်းအမျိုးမျိုးအရ အပြစ်သားလို ခံစားချက်က ပူးတွဲပါနေသောကြောင့်။

"စီနီယာရော ဘယ်လိုလဲ အလံဖြူပြတော့မလား"

ဒါက သောကြာနေ့ရဲ့ လွတ်လပ်သော ညနေခင်းမှာ ဆေးသိပ္ပံမေဂျာနား ဝေ့လည်ကြောင်ပတ်လုပ်နေသော သူ့ကို လက်ပူးလက်ကြပ်မိသွားသည့် Gunwook ရဲ့ နှုတ်ဆက်စကား။

Ricky သည် အစကတော့ Gunwook ရဲ့ ဆိုလိုရင်းကို နားမလည်။ အဲ့ဒီလောက်တောင် သူသည် စိတ်နှင့်လူမကပ်။ အာရုံမရ။ လက်ရှိတွဲနေသူထံမှာ လေးစားသမှု မထားမိတာပေပဲ။ မိမိကိုယ်ကို မုန်းမိရင်းပင် Ricky သည် Gunwook ကို မချိပြုံးနှင့် တုန့်ပြန်သည်။

"စီနီယာရဲ့ Record ကတော့ အရှည်ဆုံးဖြစ်နေပြီ Haewon Ex တွေထဲမှာလေ"

Gunwook သည် လက်ထဲက ဆင်းဒွစ်ချ်ကို အဆောတလျင် ကိုက်ဝါးရင်း မမေးပါဘဲ ရှင်းပြသည်။ ဆင်းဒွစ်ချ်ဘဝက Ricky ကို မသိမသာ နမိတ်ကြီးတစ်ပါး ပြနေသလို။

"ငါ သူနဲ့ လမ်းတောင် မခွဲရသေးပါဘူး Ex တဲ့ မင်းကလည်း"

"ဒါမယ့် လမ်းခွဲချင်နေပြီမလား"

"အဲ့ဒါက ............

"ကျွန်တော် သိပါတယ်ဗျာ စီနီယာ Gyuvin ဘယ်လောက် ညီမရူးသလဲဆိုတာ စီနီယာ အခု နားထင်နား ဆေးပလာစတာကြီး ကပ်ထားရတာ စီနီယာ Gyuvin လက်ချက်မလား"

"မပြောချင်ပါဘူးကွာ အဲ့ကောင်က Gangster မို့လို့လား ညီမထိတာနဲ့ ဥပဒေမဲ့ ရမ်းကားနေရအောင်"

"Gangster ကမှ တော်ဦးမယ် စီနီယာ Gyuvin က သိတဲ့အတိုင်းပဲ သူ့ရုပ်ကလေးကြည့်ပြီး ဘယ်သူက အဲ့လိုဆိုးမယ်လို့ ထင်မှာလဲ"

"Gyuvin က Haewon ကို ထိရင်သာ ဆိုးတာနေမှာပါ ဒီအတိုင်းဆို သဘောကောင်းမယ့်ပုံ .........

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedTempat cerita menjadi hidup. Temukan sekarang