Chapter 15 : I Never ...

1K 138 34
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"All by myself - Celine Dion"
01:29 ─────●───── 03:58
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

   ---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

အဆက်မပြတ် မြည်နေသည့် ဖုန်း။

ကိုင်ဖို့ ကြောက်ရွံ့နေမှုမှာ နားတွေ အူလာသည်။ ဘယ်သူတွေ ခေါ်နေမှန်း မစစ်ဝံ့။ သေချာတာက ပရော်ဖက်ဆာရယ် Haewon ရယ် ပြီးတော့ .........

သူ ကိုင်လည်း မကိုင်ချင်သလို ကိုင်လည်း မကိုင်ရဲ။ သို့ဆိုလျက် Silent လည်း မလုပ်နိုင်။ သူ တစ်ဦးတည်း အခန်းထဲမှာ ဒီအသံကိုပဲဖြစ်ဖြစ် အဆက်မပြတ် ကြားမနေရရင် သူ တောင့်မခံနိုင်။

Ricky သည် တစ်အိမ်လုံးက မီးတွေကို လင်းထိန်နေအောင်လည်း ဖွင့်ထားသည်။ Air-con ကို ပူနေအောင်လည်း ချိန်ညှိထားသည်။

ဒါကိုမှ အေးစက်လာသည့် သူ့ ခြေလက်တွေ။
မျက်လုံးမှိတ်ကျသွားချိန်မှာ အမှောင်ထု။

Ricky သည် MacBook ကို တုန်ယင်စွာ ကြည့်နေမိမြဲ။ တစ်ခုသော စာမျက်နှာက Comment တွေက အချိန်နဲ့အမျှ တိုးလာနေသည်။

ကိုရီးယားဘာသာကို မလည်ဝယ်သော သူ့ဦးနှောက်ကလေးက အကျဉ်းအကျပ်တွေတိုင်းမှာတော့ နားလည်မှုမရှိစွာ သိပ်ကို အလုပ်လုပ်တတ်သည်ပဲ။ မသိရင် တစ်ကိုယ်လုံးက နာဗ့်ကြောလေးတွေအကုန် သုံးနေသည်လား ထင်ရလောက်အောင် Ricky သည် စာကြောင်းတွေကို အချိန်နဲ့ တပြေးညီ ဖတ်နိုင်နေသည်။

・・・・・・・・・・・・・・・・・・
┊အစကတည်းက မပြောလား အဲ့ Seonbaenim နှစ်ယောက်က တစ်ခုခုပါပဲဆို အခုတော့ အစစ်မ ရှပြီ
・・・・・・・・・・・・・・・・・・
┊မိန်းမသားချင်းကိုယ်ချင်းမစာဘူးလား ဘယ်လိုပါးစပ်နဲ့ ပြောထွက်တယ်မသိဘူးနော် နင့်အစ်ကိုက နင့်ရည်းစားနဲ့ ဖောက်ပြန်ရင် အဲ့လိုပြောဦးမလား မေးကြည့်ချင်တယ်
・・・・・・・・・・・・・・・・・・
┊ဘယ်သူက အရင်သဘောကျတာလဲ သိကြလား အစကတည်း H**w** က ကာဗာတွဲခံရတာဆို အမယ်လေးလေး ဘုရားသခင်
・・・・・・・・・・・・・・・・・・
┊ဘာပဲဖြစ်ဖြစ် ယောင်္ကျားချင်းကြီး မဖြစ်သင့်ပါဘူး လောကနိယာမအရဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းအနေနဲ့ဖြစ်ဖြစ်
・・・・・・・・・・・・・・・・・・
┊G**v** ကို Straight လို့ ထင်ခဲ့တာလေဟာ ငါ ရှပြန်ပြီလား
・・・・・・・・・・・・・・・・・・
┊သိကြလား Q***r** ကလေ စပွန်ဆာတွေ အများကြီးတဲ့ ပြင်သစ်က သူဋ္ဌေးကြောင့် သူ့ပန်းချီတွေ နာမည်ကြီးတာတဲ့လေ
・・・・・・・・・・・・・・・・・・
┊K** G**v** တို့ မိသားစုက ကျိကျိတက် ချမ်းသာတာဆို R**** က အဲ့ဒါကို မြင်တာနေမှာပေါ့
・・・・・・・・・・・・・・・・・・
┊ဖြုတ်ဦးနှောက်တွေက လလလလ တွေ ပြောနေပြန်ပြီ ငွေတွင်းတူးချင်မှတော့ အငယ်မလေးကို အပိုင်ကြံမှာပေါ့
・・・・・・・・・・・・・・・・・・
┊ဓာတ်ပုံတွေ ချဲ့ကြည့်ပါလားဟ အဲ့နှစ်ယောက်လုံး falling in love နေတာ အသေချာကြီးကို
・・・・・・・・・・・・・・・・・・
┊စီနီယာ K** က သိပ်သဘောကောင်းတာ ဒီအဆင့်ထိ နိမ့်ကျသွားမယ်လို့ မထင်မိဘူး
・・・・・・・・・・・・・・・・・・
┊R**** က Bi ဖြစ်နိုင်တာပဲ ငါကတော့ မျှော်လင့်နေဦးမှာပဲ မသိဘူး ငိုသံနည်းနည်းတော့ ပါတယ်
・・・・・・・・・・・・・・・・・・
┊လူဖြစ်လာရင် ယောင်္ကျားနဲ့ မိန်းမပဲ ချစ်ကြိုက်ရမှာပေါ့ -င်ခံချင်နေလို့ ရမလား
・・・・・・・・・・・・・・・・・・
┊ယောင်္ကျားချင်း ချစ်တာနဲ့ တဆိတ်ရှိ အတွေးတွေက ကုတင်ပေါ်က မဆင်းတဲ့ဟာလေးတွေ အသေလေးမွေးလာရမှာ
・・・・・・・・・・・・・・・・・・
┊အရွယ်ရောက်ပြီးသားလူငယ်တွေပဲ ဘာလမ်းရွေးရွေးပေါ့ ငါတော့ သူတို့ မိဘတွေကိုပဲ သနားတယ်
・・・・・・・・・・・・・・・・・・
┊ခြောက်နေရင်လည်း ခြောက်သလိုနေလေ သူများညီမကို ငမ်းငမ်းတက်ချင်သေး
・・・・・・・・・・・・・・・・・・
┊မအေပေး နှမပေး ဆိုတာ ဒီကောင်မှ အစစ်
・・・・・・・・・・・・・・・・・・
┊အဲ့ကောင်အိမ်ကို သိလား ကြက်ဥကပ်လိုက် ဝယ်ထားတယ် သွားမယ်ဆို Ka talk တစ်ချက်လာပြော
・・・・・・・・・・・・・・・・・・
┊ကောင်မလေး သနားပါတယ် ငါပဲ အနစ်နာခံပြီး အဟီးဟီး
・・・・・・・・・・・・・・・・・・
┊လူစိတ်မရှိတဲ့ အိမ်မှာ မနေနဲ့ ညီမလေး ကိုကြီး တင်ကျွေးထားမယ် ဘာကျွေးမလဲဆိုတော့ ငှဲငှဲ
・・・・・・・・・・・・・・・・・・
┊အံ့ဩပါ့အေ ယောင်္ကျားဖြစ်နေလို့ မိန်းမကိုဆို အဓမ္မတက်ကျင့်လည်း ဖြစ်သင့်တယ်ပေါ့ တခြားယောင်္ကျားကိုကျ ချစ်မိတာလေးကတောင် မဖြစ်သင့်ဘူးပေါ့ သောက်ကျိုးနည်း
・・・・・・・・・・・・・・・・・・
┊ဘဝက တိုတိုလေး လုပ်ချင်တာသာ လုပ်ကြကွာ မန်ယူရှုံးနေရတဲ့ကြားထဲ မင်းတို့သောက်ကြောင်းချည်းပဲ
・・・・・・・・・・・・・・・・・・
┊ဟဲ့ရေ G**v** မနက်က ကျောင်းလာတယ်တဲ့ ကြားမိလား မျက်နှာပြောင်တိုက်ချက်နော်
・・・・・・・・・・・・・・・・・・
┊_

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedWhere stories live. Discover now