Chapter 9 : Don't Cry ...

1K 146 67
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Hug - SEVENTEEN"
01:20 ─────●───── 02:40
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---

တည်းခိုသည့် ဟိုတယ် မတူတာကြောင့် Ricky စိတ်အနည်းငယ် အေးချမ်းသည်။ တကယ်တမ်း ပြခန်းမှာ သူ့ရဲ့ ပန်းချီကားက အရင် ၁ချပ် အခု ၁ချပ် ပေါင်းမှ ၂ချပ်တည်းဆိုသော်လည်း သူ့လက်ရာမို့လို့ လူစည်သည်။ လာရောက်ကြည့်ရှုသူတွေရဲ့ ရည်ရွယ်ချက်က ၂ခြမ်းကွဲသည်။ နံပါတ် (၁) Modern Art ကို ရှုစားရန်။ နံပါတ် (၂) Ricky Shen ကို ရှုစားရန်။

ဒါကြောင့် တစ်နေ့လုံး ပါးညောင်းအောင် ပြုံးရယ်ကာ ဓာတ်ပုံအရိုက်ခံပြီး လေလံပေါက်စျေး အများဆုံးပေးဝယ်ခဲ့သော ပြင်သစ်မီလျံနာနဲ့ Dinner စားရမည်ဆိုသောအခါ Ricky သည် ဟိုတယ်သာ ပြန်ပြေးချင်တော့သည်။

ဒီလို Relax လုပ်ဖို့အခါမျိုး ဟိုတယ်မှာ Kim Gyuvin သာ ရှိနေရင် ဘယ်လိုမှ မဖြစ်သည်မလား။ နှလုံးသားလည်း အားလပ်ရက် လိုသည်လေ။

"I've always wanted to meet Mr. Shen in person."

အသက်အားဖြင့် ၅၀ ဝန်းကျင်ခန့် ရှိမည့် အမျိုးသား။ TIME မဂ္ဂဇင်းရဲ့ စီးပွါးရေးလုပ်ငန်းရှင် List တွေမှာ မထင်မရှားပါတတ်သော ဒီလူသည် LV အနောက်တိုင်းဝတ်စုံရဲ့ အိတ်ကပ်ကနေ G လက်ကိုင်ပုဝါကို ယူထုတ်ပြီးနောက် Ricky ထိုင်ဖို့ ခုံမှာ ခင်းပေးသည်။

Ricky သည် မျက်မှောင်ကြုံ့မိသွားသော်လည်း လူမှုရေးအရ အားနာစွာ ဝင်ထိုင်ဖို့ ပြင်လိုက်သည်။ ဒီလူက Ricky ထိုင်ချဖို့ ခုံကို အဆင်သင့်ညှိပေးပြီးမှ စားပွဲကို ပတ်ကာ တဖက်ခုံမှာ ဝင်ထိုင်သည်။

သီးသန့်ငှါးထားသော ခေါင်မိုးထပ်သည် ပါရီရဲ့ ညအလှကို ငုံ့ကြည့်ရင် မြင်နိုင်သည်။ မော့ကြည့်ရင်လည်း ကြယ်စုက လှပစွာ တလက်လက်။ မျက်စိနဲ့ တတန်းတည်းမှာတော့ အဝေးက Eiffel Tower ။ အနောက်တိုင်းရဲ့ အငွေ့အသက်ကို သဘောကျသည့် သဘာဝကို ချစ်သော ပန်းချီအနုပညာသမား သူ့အတွက် ဒီရှုခင်းက နိဗ္ဗာန်။

"Breathtaking, right ?

တဖက်ကလူက မှတ်ချက်ပေးသည်။ Ricky သည် ကျေးဇူးတင်စွာ ခေါင်းညိမ့်မိသည်။ ဒီလိုဆိုတော့လည်း ပါရီ လာရကျိုးနပ်သား။

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedWhere stories live. Discover now