𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"My yellow - Cher De Lune"
01:37 ─────●───── 03:15
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
"Kim Biochemical ရဲ့ ခြေလှမ်းသစ်ကို မိတ်ဆက်လိုက်မှုနဲ့အတူ CEO Kim Gyuvin ဟာ ဒီနေ့မနက်အစောပိုင်းမှာ ပါရီသို့ ထွက်ခွါ .........
သတင်းကြေညာချက်ကို ကြည့်ရင်းကနေ Gunwook သည် ဟိုတယ်ခေါင်မိုးထပ်မှာ ဘယ်နှခွက်မြောက်မှန်း မသိသော ဝီစကီခွက်ကို မော့လိုက်သော ပင်ပန်းနွမ်းလျနေသည့် တချိန်က စီနီယာဖြစ်သူကို ကိုယ်ချင်းစာမိစွာ။
"ကျွန်တော် နက်ဖြန် Schedule တွေ ရှင်းလိုက်ရမလား"
"နေပါစေ Haewon လည်း US ကနေ ပြန်လာတော့မှာပဲ အဲ့ကျမှ နားတာပေါ့"
"Haewon က သူ့ယောင်္ကျားနဲ့ ပျော်ပျော်ကြီး ခရီးတွေ ထွက်ဦးမှာလေ စီနီယာရယ် သွားမျှော်ကိုးမနေနဲ့"
"မင်းရှိနေရင်တောင် ငါတို့အလုပ်တွေ ကောင်းကောင်းလည်ပတ်နေတာပဲ Gunwook ရာ ငါက အမည်ခံ CEO ပါ ငါက Lab ထဲမှာပဲ ပျော်တာ ပြီးတော့လည်း အဖေက ငါ့ထက် မင်းကိုတောင် ပိုအားကိုးသေး"
အောင့်သက်သက် ရယ်နေသော Gyuvin ကို ဘာပြန်ပြောရမယ် စဉ်းစားမရသည်နှင့် Gunwook သည် ဝီစကီကို ကိုယ့်ဘာသာ ငှဲ့သောက်ပြီး နှုတ်ဆိတ်နေလိုက်သည်။
တက္ကသိုလ်ကျောင်းသားအရွယ်က ပြောချင်ရာပြော ဆိုချင်ရာဆို ဆက်ဆံရေးသည် အကျိုးတူစီးပွါးဖက် ဖြစ်လာသည့်အခါ အမျိုးမျိုးအဖုံဖုံ စည်းစောင့်ရသည်ပဲ။ ဒီကြားထဲမှာ တစ်ဦးတည်းသော ညီမဖြစ်သူက တစ်ယောက်သောသူကို Move on ပြီးလို့ လက်ရှိအမျိုးသားနဲ့ အထိုင်မကျခင်အထိ အစ်ကိုဖြစ်သူထံကနေ ဘေးမဲ့ရသလို ရည်းစားတွေ တွဲနေချိန်မှာ Gyuvin သည်ကား ထိုတစ်ယောက်သောသူကို Move on ဖို့နေနေသာသာ ............
"ညနေက ငါ သူ့ကို တွေ့ခဲ့သေးတယ်"
Gyuvin က တမ်းတမ်းတတလေး ညည်းသည်။ သူနဲ့ မဟုတ်ဘဲ သူ့ကို ဆိုတဲ့ အသုံးအနှုန်းမှာ Gunwook သနားမိသလို။

YOU ARE READING
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."