𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Rewrite the stars - Zac Efron"
01:49 ─────●───── 03:38
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---
Ricky မနက်နိုးတော့ ခေါင်းထဲ လန်းသလို မလန်းသလို။ အိပ်မက်ဆိုးတွေ မက်ခဲ့သည်ထင်သည်။ တံခါးထုသံ တဒုန်းဒုန်းလည်း ကြားမိသလို ရှိသည်။
"ဘုရားသခင်!
ထခုန်မိသည်။ ဘေးကုတင်မှာ မသိမမြင်ဖူးသော ယောင်္ကျားကြီးက မှောက်လျက်သား။ Ricky သည် အကူအညီကို မျက်လုံးကစားမိသော်လည်း ဘယ်သူမှ ရှိမနေ။
"Ric~ky It's breakfast time ♪
Gyuvin သည် ဟိုတယ်ရဲ့ အခန်းထဲ ဝင်လာချိန်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ငိုရအခက် ရယ်ရအခက်။ မနက်ခင်းနေရောင်ခြည်ကို ကျောခိုင်းကာ စားပွဲပုပေါ်ကနေ ပလပ်ဖြုတ်လိုက်ပုံရသော မီးအိမ်ကို အသင့်အနေအထား ကိုင်ပြီး ဘေးကုတင်ကို ကြောက်ကြောက်လန့်လန့် ချဉ်းကပ်သွားနေသော Ricky ။
Gyuvin ကို မြင်တော့ ဟန်ကိုယ့်ဖို့ သန်မာချင်ယောင် ဆောင်လိုက်ပြန်သော Ricky ။ ဣန္ဒြေကြီးတခွဲသားနဲ့ မီးအိမ်ကို သေချာစစ်ဆေးကြည့်ရှုနေသလို မျက်မှောင်ကြီး ကုတ်ပြီး ဒီဘက်ကုတင်ကို ပြန်လျှောက်လာသည်။
Gyuvin သည် ရယ်ချင်မိသွားသော်လည်း မရယ်ရက်။ ဒီလို Ricky က Haewon ရှေ့မှာဆို မနိုင်ဝန်တွေ ဘယ်လောက်ထမ်းခဲ့မလဲ တွေးမိပြန်တော့ သူ သိပ်နေလို့မကောင်း။
Ricky က အချစ်ကို မသိခဲ့တာပဲ ဖြစ်ပါလိမ့်မည်။ Haewon ကိုတော့ ရည်းစားတစ်ယောက်အနေနဲ့ အကောင်းဆုံး ယုယပေးခဲ့သည်ပဲ။ ယောင်္ကျားတစ်ယောက်နေနဲ့လည်း အကောင်းဆုံး အလိုလိုက်ခဲ့သည်ပဲ။ မသောက်နိုင်သည့် ကော်ဖီကို နေ့တိုင်းလိုလို သောက်ပေးခဲ့တာပဲ ကြည့်။
ဒီလို Ricky က ရှေ့ဆက်ပြီး မဲတင်းနေရတာမျိုး မရှိရအောင်ပဲဖြစ်ဖြစ် Ricky အနေနဲ့ အရိုးသားဆုံး မှီခိုနိုင်မည့် နေရာတစ်ခု သူ ပေးချင်သည်။
Gyuvin ဒီထက်ပို မတွေးချင်။
မတွေးရဲ။
တွေးလို့လည်း မဖြစ်။

YOU ARE READING
₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "I want your heart forever even when we are not together."