Chapter 8 : Guilty Pleasure ...

937 139 45
                                    


𝗡𝗼𝘄 𝗽𝗹𝗮𝘆𝗶𝗻𝗴:
"Pied Piper - BTS"
02:03 ─────●───── 04:06
↻ ◁ II ▷ ↺
ᴠᴏʟᴜᴍᴇ : ▮▮▮▮▮▮▯▯▯

   ---˖⁺. ༶ ⋆˙⊹❀♡❀˖⁺. ༶ ⋆˙⊹---


—————————————
| Seoul (ICN) ➡︎ Paris (CDG) |
|     BOARDING TIME 23:40     |
—————————————

Ricky သည် လက်ထဲက လေယာဉ်လက်မှတ်ကို ကြည့်နေသည်။ သို့သော် မမြင်။ သူ့ကို Haewon က ပွေ့ဖက်နှုတ်ဆက်နေသည်။ ဘယ်သူ့ညီမပီသမှန်းမသိစွာ သူမသည် ရင်ခွင်မှီအရပ်မဟုတ်။ ဒါကြောင့် Ricky ရဲ့ လည်တိုင်ကို Farewell kiss ပေးဖို့မှာ သူမရဲ့ ဒေါက်မြင့်နဲ့ ကွက်တိ။

ဒါကို သူ ဘာလို့ ပိစိလေး ချစ်ဖို့ကောင်းပါတယ်လို့ လက်ခံဖြစ်ခဲ့ပါလိမ့်။

"ကောင်းကောင်းသွားနော် ကောကော ပြင်သစ်မလေးတွေနဲ့လည်း သိပ်မကြည်နေနဲ့"

"ကိုယ်က အလုပ်နဲ့ သွားတာပါ Baby ရယ် အဲ့လို အချိန်တွေ မရှိပါဘူး"

"အင်းပါ ဪ အိမ်က Oppa နဲ့လည်း ရန်မဖြစ်နဲ့ဦးနော်"

"မဖြစ်ပါဘူးကွာ"

Ricky သည် မိမိလေသံက စိတ်ပျက်လက်ပျက်ပုံ ပေါ်သွားမလား သတိရပြီး ထိန်းထားရသည်။ ထပ်ပြောပါမည်။ သူသည် တချိန်ကတော့ လမ်းခွဲချင်တာနဲ့ပင် အမျိုးမျိုးအကြောင်းတွေပြပြီး မြင်သမျှ စိတ်ပျက်သလို ကြားသမျှ နားမချမ်းသာသလို ဖြစ်ကုန်သော အမျိုးသားအမျိုးသမီးတွေကို ဘလိုင်းကြီး မုန်းဖူးသည်။

ကိုယ်တိုင်စသော ကိစ္စကို လမ်းတဝက်အရောက်မှာ ငြိုငြင်ရကောင်းလားလို့ပင်။

အခုတော့ သူ့ရဲ့ ❝ဝဋ်ကြွေး❞ သည် လူရှင်းသော လေဆိပ်ရဲ့ တဖက်ဝေးဝေးမှာ အပေါင်းအသင်းတွေနဲ့ ရွှင်ရွှင်ပျပျ။

Gyuvin ဘယ်လိုလုပ်လိုက်မှန်း မသိသော်လည်း သူနဲ့ လေယာဉ်တစ်ခုတည်း။ ဒါပေမယ့် သူ့ဘက်က ပြခန်းတာဝန်ခံလောက်သာ အဖော်ပါသည်။ Gyuvin ဘက်မှာက နယ်နယ်ရရမဟုတ်သော ပရော်ဖက်ဆာတွေရော တက္ကသိုလ်ဝန်ထမ်းတွေပါ တရုန်းရုန်း။ ဒါကြောင့် သူ့အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်က Gyuvin နဲ့ ထိုင်ခုံနေရာ ဝေးဝေးကျဖို့။

₁₀₁ 𝙧𝙚𝙖𝙨𝙤𝙣𝙨 𝙩𝙤 𝙝𝙖𝙩𝙚 𝙮𝙤𝙪 |completedWhere stories live. Discover now