3

1.9K 205 3
                                    

ယနေ့က စနေနေ့ဖြစ်၍ကျောင်းပိတ်သည်။
နွေဦးဝင်ခါစလည်းဖြစ်သဖြင့် ရာသီဥတုက နေ့လည်ဘက်တွေဆို မပူမအေး အသင့်အတင့်အနေအထားတွင်ရှိကာ ဟိုဒီလည်ပတ်ရန်ကောင်းသော အနေအထားပင်။

ယနေ့ စနေနေ့မနက်တွင်တော့ ဂျောင်ဝန်းအမေဖြစ်သူသည် တစ်ဦးတည်းသောသားလေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ခွင့်ပေးထား၏။ သို့ပေမယ့်လည်း ဂျောင်ဝန်းက ဘယ်ချိန်မဆိုအမြဲ စည်းစနစ်ကျကျနေတတ်သည့်ကလေးမို့ အချိန်လွန်နေမွန်းတည့်ထိ ဘယ်တော့မှမအိပ်မှန်း သူမ သိသည်။

အလွန်ဆုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်မည့်အချိန်သည် မနက် 8 နာရီအထိသာဖြစ်ပြီး မကြာမီတွင် အခန်းထဲမှထွက်ကာ အောက်ထပ်မီးဖိုခန်းသို့ဆင်းလာတော့မည်ဖြစ်၍ သူမ မနက်စာအသင့်ပြင်ထားလိုက်၏။

သူမ၏ ခန့်မှန်းမှု မှန်ကန်စွာပင် မကြာမီတွင် သားဖြစ်သူတစ်ယောက် အညိုနုနှင့်အစိမ်းနုရောင် အစင်းကျားရောသော sweatshirt ခပ်ပါးပါးတစ်ထည်နှင့် လန်းလန်းဆန်းဆန်းပင် အပေါ်ထပ်မှဆင်းလာလေသည်။

" အဲ့ဒီ Sweatshirt မေမေဝယ်လာတုန်းကကျ မကြိုက်ဘူးဆို "

မီးဖိုခန်းထဲဝင်လာသောဂျောင်ဝန်းကို အမေဖြစ်သူက မျက်စောင်းနုနုလေးထိုးရင်း ပြုံးကာဆိုသောကြောင့် ဂျောင်ဝန်း ဇက်လေးပုရင်း ရယ်ပြလိုက်သည်။

" ဒီနေ့မှ ဝတ်စရာရှာရင်း အခြားဟာတွေက ဝတ်ပြီးသားတွေများလို့လေ.. ဒါလေးလည်းမဆိုးဘူးထင်လို့ "

သားဖြစ်သူ၏ စကားအသွားအလာကြောင့် ဂျောင်ဝန်းအမေ အလုပ်လုပ်နေရင်းမှ ခေတ္တရပ်ကာ မေး၏။

" ဟင် ? တစ်နေရာရာသွားမလို့လား "

ဂျောင်ဝန်း အမေပူပူနွှေးပေးထားသော နွားနို့ကိုယူသောက်ရင်း အနည်းငယ်သီးမလိုဖြစ်သွားရကာ မျက်တောင်လေးများခတ်ကာ ပြန်ဖြေသည်။

" အာ... ဂျုံဆောင်း hyung တို့လေ..
သူတို့ basketball ပွဲ final မှာ winner ဖြစ်သွားလို့ ဂုဏ်ပြုတဲ့အနေနဲ့ မုန့်သွားစားကြမလို့... လူအရမ်းမများပါဘူး 3/4 ယောက်လောက်ပဲ စုသွားကြမှာ "

လွန်ခဲ့သည့် တစ်နှစ်အတွင်း ဂျုံဆောင်း hyung အိမ်ကိုရောက်ဖူးသည်မှာ 5 ကြိမ်ခန့်ရှိနေပြီမို့ အမေနှင့် မျက်မှန်းတန်းမိ အနေအထားတော့ရှိ၏။ ဒါပေမယ့် ဂျောင်ဝန်းကပဲ စိတ်မလုံမလဲဖြစ်ရ၍လားမသိ.. တတ်နိုင်သမျှတော့ ဂျုံဆောင်း hyung ကို အိမ်ကိုမလာစေရန် တားထားရသည်။ ခဏခဏတွေ့နေရာမှ တစ်စုံတစ်ခုမှား၍ သူတို့ဆက်ဆံရေးကို အမေရိပ်မိသွားမှာ ဂျောင်ဝန်း စိုးရိမ်လှပါ၏။ ထို့ကြောင့် အထွေအထူးမရှိလျှင် အိမ်နှင့်ဝေးရာတွင်သာ အတူဆုံ၍သွားဖြစ်ကြပါသည်။ ထို့ကြောင့် ဂျောင်ဝန်းအမေအတွက်လည်း ဘာမှအထူးတဆန်းမရှိ။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now