Extra

2K 190 33
                                    


" ဂျောင်ဝန်းနီ..ကလေးရေ..
ထမင်းစားရအောင် "

" ဟုတ် မေမေ "

မီးဖိုခန်းထဲမှ အသံခပ်အုပ်အုပ်လေးပေးကာ လှမ်းခေါ်လာပါသော မေမေ့ကြောင့် ဂျောင်ဝန်း ဧည့်ခန်းရှိ ဆိုဖာထက်တွင် စာအုပ်တစ်အုပ်ထဲ နစ်မြောနေရာမှ ပြန်လည်အသံပေးလိုက်ရ၏။

ထို့နောက် စာအုပ်ကို ဖတ်လက်စနေရာ၌ မှောက်ကာ ထားခဲ့၍ ညနေစာစားရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်တော့သည်။

သူ့အတွက် အဆင်သင့် အားလုံးပြင်ထားပြီးသော နေရာတွင်ဝင်ထိုင်တော့ နောက်ဆုံးအနေနှင့် မေမေက ဟင်းရည်ပူလေးတစ်ခွက်ကိုခပ်ရင်း ဘေးသို့ချပေးလာပါ၏။

" um? ဒီနေ့ဘာလို့ ဒီလောက်တောင် ဟင်းတွေများနေတာလဲ "

ထိုအခါ မေမေက သူ့ပန်းကန်ထဲ စားကောင်းမည့်ဟင်းလေးအချို့ထည့်ပေးရင်း ပြန်ဖြေလာသည်။

" အာ..မနက်ဖြန်သွားမယ့် ခရီးလေ..ညပါတစ်ရက်အိပ်ရမယ်ဆိုလို့ နောက်နေ့ညစာအထိပါ အများကြီးချက်ထားလိုက်မိတာ..fridge ထဲထည့်ပေးခဲ့တယ်..စားမယ့်ခါနွှေးစားနော် "

ထိုအခါ ဂျောင်ဝန်းက အသားတစ်ဖဲ့ကို တူလေးနှင့်ညှပ်ကာ ပါးစပ်ထဲထည့်ဝါးရင်း နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက်မြင့်တက်လို့ ပြုံး၏။

" ကလေးလည်းမဟုတ်ဘဲနဲ့ ..တစ်နေ့စာလောက်တော့ ကိုယ့်ဟာကိုယ် စီစဥ်နိုင်ပါတယ်နော် "

" အဲ့လိုသာဆို အသင့်စားခေါက်ဆွဲတွေပဲ ပြုတ်စားနေမှာမလား"

မေမေက သူ့အကျင့်ကိုသိစွာ မျက်လုံးလေးမှေးကျဥ်းကြည့်လျှက်ဆိုတော့ ဂျောင်ဝန်း ရယ်သာရယ်နေလိုက်ရသည်။

" ဒါနဲ့ တစ်ယောက်တည်း ကျန်ခဲ့ရမှာရော အဆင်ပြေတယ်မလား "

ဂျောင်ဝန်းသည် ယခုချိန်ထိ သူ့ကို ကလေးပေါက်စနလေးလို ဆက်ဆံနေပါသော မေမေ့ကြောင့် မနိုင်ဘူးဟူသည့် မျက်နှာပေးလေးနှင့် အရယ်တစ်ဝက်စွက်၍သာ တုန့်ပြန်နိုင်တော့၏။

" အာ မေမေ.. ကျွန်တော်အခု မကြာခင်အသက်တောင်ပြည့်တော့မှာပါနော်..ပြီးတော့ မေ့နေတာလား..ကျွန်တော် ငယ်ငယ်ကတည်းက တိုက်ကွန်ဒိုဆော့ခဲ့တာကို "

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now