11

1.7K 197 21
                                    

မိုးတစိမ့်စိမ့်ရွာနေသော ညသည် ဂျောင်ဝန်းကို ရည်ရွယ်ချက်ရှိရှိပင် ညှင်းဆဲနေသည်ဟုထင်ရ၏။

အိပ်မပျော်တိုင်း သူသင်္ချာတွေကိုသာ သဲကြီးမဲကြီး ထိုင်တွက်နေမိသည့်ညတွေ ဆက်နေလေပြီ။ သူ့အာရုံတွေကို တစ်စုံတစ်ခုထံ၌ လွှဲထားရန်လိုအပ်၏။

သို့သော် အာရုံတစ်ချက်လွင့်၍ စားပွဲပေါ်မှ pen holder လေးထံ အကြည့်ရောက်မိသွားချိန်တွင် သူ့ခန္ဓာကိုယ်လှုပ်ရှားမှုများအားလုံး တုန့်နှေးသွားရပြန်လေသည်။ ကြွေရည်သုတ်ထားသော မြေသားပေါ်၌ ထွင်းထားသော JJ ဟူသည့် စာလုံးလေးနှစ်လုံးကို လက်ညှိုးထိပ်လေးများနှင့် သွားထိတွေ့မိချိန်တွင် သူ့မျက်ဝန်းများတွင် စိုစွတ်မှုအချို့ကပ်တွယ်လာရ၏။

ဂျောင်ဝန်း မျက်တောင်များကိုခပ်သိမ်း၍ သက်ပြင်းအရှည်ကြီးတစ်ခုကို ချပြီးနောက် လက်ဝါးနှစ်ဖက်လုံးနှင့် မျက်နှာကိုအုပ်ကာ ပွတ်သပ်လိုက်မိသည်။

ဒီလိုနဲ့ ကိုကိုပဲ အတွေးထဲဝင်လာပြီး သူမျက်ရည်တွေကျလာရပြန်ပြီ။

ဂျောင်ဝန်း သင်္ချာဆက်တွက်နိုင်စွမ်းမရှိတော့ပါ။

နာရီကိုလှမ်းကြည့်လိုက်တော့ 11 နာရီထိုးနေလေပြီ။

ကိုကို့ဆီမှ အဆက်အသွယ် ရလာမည်မဟုတ်မှန်း သိနေပေမယ့် ဂျောင်ဝန်း ခါတိုင်းလိုပဲ မအိပ်ခင်ဖုန်းကိုဖွင့်၍ စစ်ကြည့်ပြန်၏။

သို့သော် ယနေ့ညတွင်တော့ သူကိုကို့ကို ပို့ထားသည့်စာများက seen ပြပြီးသားဖြစ်သွားလေပြီ။

အမှောင်ကမ္ဘာထဲ ပိတ်မိနေသော ဂျောင်ဝန်း၏ကမ္ဘာတွင် ခပ်မှိန်မှိန်အလင်းစလေးတစ်ခု တိုးဝင်လာသကဲ့သို့ပင်။

ဂျောင်ဝန်း မျက်ရည်များဝဲနေသည့်ကြားမှ အပြုံးသေးသေးလေးတစ်ခုဖြစ်ပေါ်လာရပြီး မယုံကြည်နိုင်စိတ်ဖြင့် အထပ်ထပ်အခါခါ ပြန်စစ်မိ၏။ သေချာပေါက် ကိုကို ဖုန်းကို စက်ပြန်ဖွင့်၍ သူ့စာတွေကိုဝင်ဖတ်ခြင်းပင်ဖြစ်သည်။

သို့သော် ပြန်စာတော့ တစ်ခုမျှ ရောက်မလာခဲ့ပါ။

ဂျောင်ဝန်း အပြုံးသေးသေးလေးသည် ပြန်လည်မှေးမှိန်သွားရပြီးနောက် ကိုကိုနှင့်သူ ဒီလောက်လွယ်လွယ်လေးနဲ့ ပြန်မနီးစပ်နိုင်မှန်း လက်ခံလိုက်ရ၏။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now