ယနေ့ည မိုးတစိမ့်စိမ့်ရွာနေသော်လည်း အရမ်းအသည်းအထန်ကြီးတော့မဟုတ်ပေ။
ခပ်စိမ့်စိမ့်ဖြစ်နေသော ရာသီဥတုကြောင့် ဂျောင်ဝန်းရေချိုးပြီးသည်နှင့် ဆွယ်တာအပြာနုလေးတစ်ထည် ကောက်ဝတ်ထားလိုက်၏။ အခန်းဖွဲ့စည်းပုံသည် သူ့နေရာနှင့်သူ သန့်ရှင်းသပ်ရပ်နေကာ ပစ္စည်းများကလည်း စနစ်တကျရှိနေသည်။
ကုတင်ဘေးဘက်မှ နံရံကပ်စင်တွင်တော့ ဂျောင်ဝန်းငယ်ငယ်က ရထားသော တိုက်ကွန်ဒို ဆုတံဆိပ်များနှင့် အခြားပညာရေးဆိုင်ရာ ဆုတံဆိပ်များရှိနေ၏။ စာဖတ်ဝါသနာပါသူလေးမှန်းသိသာစွာ စာအုပ်စုဆောင်းမှုအချို့လည်း ရှိနေသည်။
ထို့အတူ စာဖတ်စားပွဲတွင်လည်း ရှိသင့်ရှိထိုက်သော အသုံးအဆောင်များက သပ်ရပ်စွာနေရာယူနေ၏။ အားလုံး သန့်ရှင်းသပ်ရပ်နေသော အပြင်အဆင်များကြားတွင် ဘောပင်ထည့်ထားသည့် ခွက်လေးတစ်ခုမှာမူ ထူးထူးခြားခြား အကြမ်းထည်ဆန်နေလေသည်။
ထိုဘောပင်ထည့်သည့်ခွက်လေးသည် ရွံ့စေးနှင့် ကိုယ်တိုင်လုပ်ထားခြင်းမျိုးဖြစ်ပြီး ကြွေရည်အဖြူလေးတစ်ထပ် ထပ်သုတ်ထား၏။ သေချာကြည့်မည်ဆိုပါက ခွက်၏အောက်ခြေနားလေးတွေ JJ ဟုစာလုံးလေးနှစ်ခု ထွင်းထားသည်အား မြင်နိုင်သေးသည်။
ထိုခွက်လေးသည် ဂျောင်ဝန်း တန်ဖိုးအထားရဆုံး ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး သူနှင့် ဂျုံဆောင်း hyung တို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တုန်းက ဂျုံဆောင်း hyung ကိုယ်တိုင်လုပ်ပေးခဲ့သော လက်ဆောင်လေးဖြစ်၏။
ရွာနေသည့်မိုးသည် ပို၍အေးစိမ့်လာသယောင် ထင်ရသည့်နောက်တွင်တော့ ဂျောင်ဝန်း ကုတင်ပေါ်တက်ကာ အိပ်ယာထဲဝင်ခွေ၍ ဖုန်းသုံးရန်ပြင်လိုက်လေသည်။
သို့သော် ဖုန်းကိုကောက်ကိုင်ကိုင်လိုက်ချင်း နီရဲနေသော miss call 5 ခုလောက်ကိုတွေ့လိုက်ရ၏။ ဂျောင်ဝန်း နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက်မြင့်တက်ကာ တစ်ချက်အသံထွက်ရယ်မိသွားရပြီး ခေါင်းအုံးပေါ်မေးတင်မှောက်အိပ်၍ video call တစ်ခုစတင်ခေါ်ဆိုလိုက်သည်။
ဘယ်လောက်မှမကြာ တစ်ဖက်လူဆီမှ camera ပွင့်လာကာ သူ့ကိုမှုန်ကုပ်ကုပ်ကြည့်လာ၏။ ဂျောင်ဝန်း သဘောတကျကို ရယ်မိသွားရသည်။
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )