Hanlim အထက်တန်းကျောင်း၏ အားကစားခန်းမထဲတွင်ဖြစ်၏။
အားကစားခန်းမ ဘေးပတ်လည်တစ်ခုလုံးရှိ ကြည့်ရှုသူနေရာများတွင် ထိုင်ခုံအားလုံးနီးပါး လူပြည့်နေကာ အားပေးသံများ ဆူညံပွက်လောရိုက်နေကြသည်။
ကြမ်းပြင်ကိုရိုက်ခတ်နေသော ဘတ်စကတ်ဘော ဘောလုံးသံသည် ပြင်းထန်ကျယ်လောင်စွာ ဆက်တိုက်ထွက်ပေါ်နေပြီး လျှင်မြန်စွာလှုပ်ရှားသွားသော ခြေထောက်တို့နှင့် ပေါ်လစ်ကြမ်းပြင် ထိခတ်ရာမှ ထွက်ပေါ်လာသော အသံတို့လည်း ပြည့်နှက်နေ၏ ။
စာသင်နှစ်အစပိုင်းဖြစ်၍ ကျောင်းအားကစားပွဲများ ဆက်တိုက်ကျင်းပနေရာတွင် ဘောလီဘောပွဲနှင့် ဘတ်စကတ်ဘောပွဲက ဝင်ရောက်ဆော့ကစားသူများ၏ ရုပ်ရည်ပိုင်းဆိုင်ရာကြောင့် ပိုလူကြိုက်များသည်။
ယခုလည်း ဘတ်စကတ်ဘော နောက်ဆုံး Final round ဖြစ်၍ အကြိတ်အနယ် အားပေးအော်ဟစ်သံများနှင့် ပြည့်နှက်နေ၏။
တစ်ယောက်တစ်ပေါက် နာမည်များခေါ်၍ အော်ဟစ်အားပေးနေကြသည့်အထဲတွင် နာမည်တစ်ခုကမူ အော်ဟစ်အားပေးသူ ပိုမိုများပြားသည်ဟု မှတ်ယူရမည်။
ချွန်ထက်ထင်ပေါ်နေသော မေးရိုးထက်တွင် ချွေးစေးများ ကပ်ငြိနေကာ မျက်ဝန်းတစ်စုံကလည်း စူးရှလျှက်....အာရုံစိုက်ထားမှုကြောင့် နှက်မှောင်နေသော မျက်ခုံးတို့မှာလည်း စုကြုံ့နေ၏။
ဘေးတစ်စောင်းမှ မြင်ရလျှင်တောင် ထင်းထွက်နေသော မျက်နှာအနေအထားကြောင့် မိန်းကလေးအချို့သူ့အတွက် ရူးသွပ်ပေးနေသည်မှာ မဆန်းတော့ ။ ယခုလည်း ချွေးသံတရဲရဲကြားတွင် နဖူးပြင်ကျယ်ပေါ် စိုစွတ်ကာ အချောင်းလိုက်ကျနေသော ဆံပင်တို့က သူ့ဆွဲဆောင်မှုကို ပိုမိုမြှင့်တင်ပေးနေသည်။
ရုပ်ရည်ချည်းပဲလားဆိုတော့လည်း မဟုတ် ။ သန်မာသော လက်ဆစ်လက်ချောင်းတို့၏ လှုပ်ရှားမှုနှင့် ဘောလုံးကို သူလိုသလို ဆွဲယူဆော့ကစားနိုင်မှုကလည်း သူ့ကို ဘတ်စကတ်ဘောအသင်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်နေစေပြန်သည်။
" ပတ်ဂျုံဆောင်း လုပ်လိုက်တော့ "
အသင်းဖော် ဆောင်ဟွန်း၏ အသံကျယ်ကျယ်လောင်လောင်အဆုံးတွင် ဘောလုံးမှာ ခြင်းထဲသို့ ကွက်တိ လှပစွာဝင်၍ ပွဲစဥ်အား အဆုံးသတ်ပေးလိုက်တော့သည်။
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )