မနက်စောစော ဆက်တိုက်မြည်နေသော ဖုန်းသံက ဂျုံဆောင်း၏ နှစ်ခြိုက်စွာအိပ်ပျော်နေခြင်းကို ဆက်တိုက်အနှောက်အယှက်ပေးနေ၏။ ယခုအချိန်က မနက် 4 နာရီခန့်သာရှိသေးရာ ဖုန်းဆက်သင့်သည့်အချိန်ကောင်းဟုတ်မနေသည့်အတွက် ဂျုံဆောင်းစိတ်တွေ ချက်ချင်းညစ်ညူးသွားရသည်။
အလင်းကန်နေသော ဖုန်း screen စူးစူးကို သူမပွင့်တပွင့်မျက်လုံးတွေနှင့် မနည်းအားထုတ်ကာ ကြည့်လိုက်တော့ ဆောင်ဟွန်း ဆီမှဖြစ်နေကြောင်းတွေ့လိုက်ရ၏။
ဂျုံဆောင်းဖုန်းကိုကိုင်လိုက်ကာ နားနားကပ်၍ အလွန်တရာမှခြောက်သွေ့အက်ကွဲနေသော အသံဖြင့်ပြောလိုက်သည်။
" ဘာလဲ ဒီအချိန်ကြီး "
သူ့အသံသည် အိပ်ချင်မူးတူးဖြစ်နေသလောက် တစ်ဖက်မှ ဆောင်ဟွန်းအသံကတော့ ကြည်ကြည်လင်လင်ကြီးကိုဖြစ်နေကာ ကိစ္စတစ်စုံတစ်ခုကြောင့် စောစောစီးစီး မျက်စိကျယ်နားပွင့်ဖြစ်နေပုံပင်။
" ဟေ့ကောင် ငါအခုပဲ ကျောင်း site ထဲမှာ ထူးဆန်းတဲ့ post ကြီးတစ်ခုမြင်လိုက်ရတာ.. ဘာကြီးလဲ.. အဲ့တာတကယ်လား !? "
ဆောင်ဟွန်းစကားတွေက အလျင်လိုနေသည်မှလွဲ၍ အဆက်အစပ်မရှိသလို သူလည်းစိတ်ရှုပ်လာရုံမှလွဲ၍ ဘာတစ်ခွန်းတလေမှတောင် နားမလည်နေ။
" ဘာလဲ... ဘာ post လဲ ငါကဘယ်လိုလုပ်သိမှာလဲ "
ဂျုံဆောင်းသည် ခုထိသေချာမဖွင့်ဟနိုင်သေးသောမျက်လုံးများကို လက်တစ်ဖက်ဖြင့်အုပ်မိုးကာ စိတ်ညစ်ညူးမှုကြောင့် မျက်မှောင်ကိုသာကြုံ့ထားမိသည်။
" မင်းမမြင်သေးဘူးလား..
ည 11 လောက်ကတည်းကပဲတင်ထားတာ
post အောက်မှာအားလုံးတောင်ပွက်လောရိုက်နေကြပြီ "" အဲ့တာမို့ ဘာလဲလို့ အဲ့ post က "
ဂျုံဆောင်းစိတ်မရှည်တော့စွာ အက်ကွဲကွဲအသံများနှင့် ညည်းညူပစ်လိုက်တော့ ဆောင်ဟွန်းက တွန့်ဆုတ် တွန့်ဆုတ်နှင့် နေရခက်စွာ ဖြေလာလေ၏။
" အဲ့.. အဲ့ဒါက.. မင်းနဲ့ ဂျောင်ဝန်းနဲ့က...
တွဲနေတယ်ဆိုပြီးတော့... အာ.. အဓိပ္ပါယ်မရှိဘူးမလား ဒါကြီးက "
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Novela Juvenilဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )