မြေအောက်ရထားဘူတာရုံမှ ကျောပိုးအိတ်လေးကိုယ်စီနှင့် ထွက်လာခဲ့ပြီးနောက်တွင် ဆောနူနှင့် ဂျောင်ဝန်း Taxi ငှားရမည့်နေရာသို့ ကြောင်တောင်တောင်လေးများနှင့် ရောက်လာခဲ့ရ၏။
Seoul က သူတို့အတွက် အစိမ်းသက်သက်နေရာမဟုတ်သော်လည်း နေထိုင်ကျင်လည်နေကျနေရာမဟုတ်၍ အနည်းငယ် စိုးရိမ်ပူပန်မှုလေးတော့ရှိလေသည်။
အထူးသဖြင့် ဆောနူက ဂျောင်ဝန်းကိုပို၍ စိတ်မချနိုင်။
ယခုလည်း သွားရမည့်နေရာများက ဆန့်ကျင်ဘက်ဖြစ်နေ၍ ယခုအချိန်ကပင် Taxi ကို တစ်ယောက် တစ်စီးစီငှားကာ ခွဲစီးရတော့မည်ဖြစ်၏။
" ယန်းဂျောင်ဝန်း..သေချာ စိတ်နဲ့လူနဲ့ကပ်ပြီးသွားနော်.. အန်တီက ငါအတင်းတောင်းဆိုလို့သာ မင်းကိုအဖော်ထည့်ပေးလိုက်တာ..တစ်ယောက်တည်းဒီလို ရည်းစားဆီကို လစ်ထွက်တာသိရင် ငါလည်း ပြသနာပဲ "
ထိုအခါ ဂျောင်ဝန်းမှာ ဆောနူစိတ်ချနိုင်စေရန် ခေါင်းလေးကို တဆတ်ဆတ် ညိတ်ပြလိုက်ပါသည်။
ဆောနူမှာမူ ယခုချိန်ထိ စိတ်မအေးနိုင်စွာ သက်ပြင်းလေးချလျှက် ညည်းညူကာ ဂျောင်ဝန်းစိတ်ကို ပြောင်းလိုပြောင်းနိုင်ညား ကြိုးပမ်းနေ၏။
" ဒီတိုင်း ဂျုံဆောင်း hyung ကိုပဲ ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်ပါတော့လား ? ငါစောင့်ပေးနေမယ်လေ "
" မဖြစ်ဘူး.. အံ့သြသွားအောင်လုပ်မှာပါဆိုနေ.. ဆောနူရာ.. မူလတန်းကျောင်းသားလည်းမဟုတ်ဘူး စိတ်ပူမနေနဲ့တော့ "
ဤသို့နှင့် ဆောနူကို အတင်းဖြောင့်ဖျပြီးသည့်နောက် ဂျောင်ဝန်း ခပ်မြန်မြန်သာ Taxi နှစ်စီးကို ငှားလိုက်ပါတော့သည်။
" ပြန်လာရမယ့် ငါ့လိပ်စာကိုလည်း သေချာစစ်ကြည့်ပြီးမှ လာခဲ့နော် "
" စိတ်မပူနဲ့.. ပြန်လာရင်ကျ ကိုကို့ကို လိုက်ပို့ခိုင်းမှာ "
ဆောနူကမူ မျက်နှာကိုမဲ့ရွဲ့ကာ တမင်ရှုံ့မဲ့ပြပြီးနောက် ဂျောင်ဝန်းကိုလက်ပြလျှက် သူ့ Taxi ပေါ်သို့ တက်သွားလေတော့၏။
ထို့နောက် ဂျောင်ဝန်းသည်လည်း အလွန်အမင်းပျော်ရွှင်စိတ်လှုပ်ရှားနေသော ခံစားလေးချက်တို့နှင့် Taxi ပေါ် တက်လိုက်ပါတော့သည်။
![](https://img.wattpad.com/cover/343727361-288-k950676.jpg)
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )