10

1.7K 171 14
                                    

ဂျုံဆောင်း ကျောင်းနှစ်ပတ်နားခံလိုက်ရ၏။

မကြာသေးမီကမှ Canteen တွင် ရန်ဖြစ်သည့်ကိစ္စနှင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ခေါ်ကာ သတိပေးခံထားရသော ဂျုံဆောင်းသည် နောက်နေ့ညနေတွင် မျက်နှာမှ ဒဏ်ရာများပင် မကျက်သေးသော ထိုကျောင်းသားကို ကျောင်းနောက်ဖက်လမ်းကြားသို့ခေါ်၍ ပိုစုတ်ပြတ်သွားအောင် ထိုးကြိတ်ခဲ့သောကြောင့်ပင်။

ထိုကျောင်းသား၏ သူငယ်ချင်း 2 ယောက်သည်လည်း ခိုက်ရန်ဖြစ်ပွားမှုထဲပါ၍ ပွန်းပဲ့ဒဏ်ရာများရကာ ထိုကျောင်းသားဆိုလျှင် ဂျုံဆောင်း၏ တမင်ရည်ရွယ်ကာရိုက်ချိုးမှုနှင့် လက်တစ်ဖက်ပါ ကျိုးသွားသည်ဟု သိရသည်။

ဤကိစ္စမှာ အတော်ပင် ပြသနာကြီးမားသွားကာ ဂျုံဆောင်းအဖေခမျာ ပိုက်ဆံတစ်ထုပ်နှင့်လိုက်ရှင်းနိုင်၍သာ ကျောင်းနှစ်ပတ်နားရုံနှင့်ပြီးသွားခြင်းဖြစ်၏။ တစ်ဖက်မိဘများက ဂျုံဆောင်းကို အချုပ်ထဲရောက်အောင်ထည့်မည်ဟု ကြုံးဝါးနေကြသဖြင့် မိဘချင်းတွေ့ဆုံကာလည်း တောင်းပန်ရသေးသည်။

ထိုပြသနာအပြီးတွင်တော့ canteen တွင် ဂျုံဆောင်း၏ သတင်းများထပ်မံ၍ ပလူပျံကာလာ ကောင်းဘက်မှတစ်မျိုး ၊ ဆိုးသည့်ဘက်မှတစ်မျိုးနှင့် အမျိုးမျိုးဝေဖန် ပြောဆိုနေကြလေ၏။

" တကယ်ပါဆို.. ငါကိုယ်တိုင်မျက်လုံးနှစ်လုံးနဲ့မြင်ခဲ့တာ ! သူ့ခေါင်းက သွေးတွေစီးကျနေတာတောင် လုံးဝမျက်နှာတစ်ချက်မရှုံ့ဘဲ ဘေးကသစ်သားချောင်းကြီးကို ကောက်ဆွဲပြီး ထယ်ဂွန်းလက်ကို ရွယ်ထားတာ.. ပြီးတော့ ဒီလက်နဲ့မင်းရေးခဲ့တာမလား လို့လည်းမေးပြီးရော သွေးအေးအေးနဲ့ကိုရိုက်ချိုးပစ်တော့တာပဲ.. သေအောင် ကြက်သီးထဖို့ကောင်းပါတယ်ဆို !! "

" ဘာလဲ... ဘာလို့အဲ့လိုမေးပြီး ရိုက်ချိုးတာလဲ ? "

" ဘာကဘာရမှာလဲ.. ကြားရသလောက် ပထမနှစ်က သူ့ကောင်လေးအခန်းထဲမှာ ထယ်ဂွန်းက စာတွေသွားရေး - "

Canteen တွင်တိုးတိုးကြိတ်ကြိတ်နှင့် အတင်းအဖျင်းများ မျှဝေနေသော ကျောင်းသားသည် ကောင်လေးတစ်ယောက် ဘေးနားမှဖြတ်သွားသည်ကို သတိထားမိလိုက်သောအခါ ချက်ချင်းစကားကို တိခနဲဖြတ်ချလိုက်၏။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now