တစ်ပတ်တွင် ကြာသပတေးနေ့ တစ်ရက်တော့ အထက်တန်းပထမနှစ်နှင့် တတိယနှစ်များ၏ ကာယအတန်းချိန်က တိုက်ဆိုင်နေသည်။တိုက်ဆိုင်သည်ဆိုတိုင်း အတူကာယလုပ်ရခြင်းမဟုတ်ပေမယ့် တစ်တန်းစီက hall ရဲ့ တစ်ဖက်တစ်ခြမ်းမှာရှိနေကြတာမို့ တစ်တန်းနှင့်တစ်တန်း အတိုင်းသားမြင်နေရ၏။
ရာသီဥတုက အနည်းငယ် အိုက်စပ်စပ်ဖြစ်နေရာ PE uniform အတွက် တီရှပ်တစ်ထည်နှင့် အားကစားဘောင်းဘီရှည်ကိုစီစဥ်ပေးထားသည်။ အပူဒဏ်ကြောင့်အချို့ကမူ ဘောင်းဘီရှည်များ၏ သားရေအနားစည်းကို ဒူးခေါင်းထိဆွဲတင်ထားကြ၏။ အချို့ကမူ အင်္ကျီလက်များကိုလည်း ပုခုံးထိဆွဲကာတင်၍ လက်မောင်းများကို အတိုင်းသားလှစ်ဟထားကြသည်။
ထိုထဲတွင် အပူဒဏ်ကိုမခံနိုင်လွန်းသော ဂျောင်ဝန်းလည်း အပါအဝင်ဖြစ်ကာ ဘောင်းဘီကိုလည်းဒူးထိတင် အင်္ကျီကိုလည်းလက်မောင်းထိတင်ထားသည့်အပြင် ချွေးနှင့်အတူဆံပင်များစေးကပ်ခြင်းကိုကာကွယ်ရန် နဖူးစည်းပါစည်းထားသေး၏။
အလုံးစုံခြုံငုံကြည့်သော် နဂိုအသားဖြူသော ဂျောင်ဝန်းသည် ဖြူဖြူလုံးလုံးလေးဖြစ်နေလျှက် ပေါ့ပါးစွာဟိုဒီပြေးလွှားနေကာ တစ်စုံတစ်ယောက်၏ရင်ကို မီးစဖြင့်ထိုးမိနေသည်။
ရေတွေချည်း တစ်ဘူးပြီးတစ်ဘူးလှိမ့်သောက်နေသော ပတ်ဂျုံဆောင်းကို ဆောင်ဟွန်းမျက်မှောင်ကြုံ့ကြည့်ပြီးနောက် တစ်ဖက်ခြမ်းမှ ဘောလီဘောဆော့နေသော ပထမနှစ်များကို ခဏလှမ်းရှိုးလိုက်၏။
သိသာထင်ရှားစွာ ဖြတ်လတ်လျှက် ပွဲကိုဦးဆောင်နေသူမှာ သူတို့ဘော်ဒါပေါက်စလေး ယန်းဂျောင်ဝန်းသာဖြစ်သည်။
" ဂျောင်ဝန်းက တကယ်ကစားနိုင်တာပဲ
အမှန်ပြောရရင် စတွေ့တုန်းက ဖြူဖြူသေးသေးလေးမို့ သူ့ကိုဒီလောက်ကောင်းကောင်းဆော့နိုင်မယ်မထင်ထားဘူး "ဆောင်ဟွန်း၏ စကားများကို ဂျုံဆောင်းက ဟွန်းခနဲ လှောင်ရယ်သံပြုရင်းတုန့်ပြန်၏။
" အလယ်တန်းဒုတိယနှစ်ထိ တိုက်ကွန်ဒိုဆော့လာတာလေ
သွားပြီးရန်မဖြစ်မိစေနဲ့နော် မင်းကိုအသာလေးသိပ်နိုင်တယ် "
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )