ထိုသတင်းများသည် စတင်ပြန့်နှံ့ပြီး 2 ရက်မြောက်နေ့ရောက်သည်ထိတောင် အားလုံး၏ပါးစပ်ဖျားတွင် အရသာခံ၍ ပြောဆိုကောင်းနေဆဲဖြစ်၏။
ခါတိုင်း ကျောင်းအတင်းအဖျင်းများသည် ပထမတစ်နေ့တွင်သာ ပွက်လောရိုက်မည်၊ သုံးရက်လောက်အကြာတွင် ရိပ်သံဖမ်းသံလောက်သာကြားရမည်ဖြစ်ပြီး တစ်ပတ်လောက်အကြာတွင်မူ ဘယ်သူမှအရေးမစိုက်တော့ဘဲ ရှိနေလိမ့်မည်။ သို့သော် ယခုမှာမူ အတင်းအဖျင်း၏ ဇာတ်ဆောင်က ပတ်ဂျုံဆောင်းဖြစ်နေသောအခါ အလွယ်တကူနှင့် မပပျောက်သွားနိုင်။
ဂျုံဆောင်းသည်လည်း မထိတထိစောင်းမြောင်းခံရတာမျိုးတွေရှိသလို ယုတ်စွအဆုံး ဂျုံဆောင်းကို ပေါ်တင်လိုက်ခဲ့ဖူးသည့် မိန်းကလေးများသည်ပင် အတိတ်ကိုပြန်ဖော်ကာ ဝိုင်းဟားခံရသည့်အဖြစ်သို့ ရောက်နေရသည်။
ပါးစပ်ပေါက်ပေါင်း ရာချီမှ ပြောဆိုနေသော အတင်းအဖျင်းများကို ဂျုံဆောင်းလည်း တစ်ပေါက်ချင်းလိုက်ပိတ်ဖို့ မဖြစ်နိုင်သလို အားလုံးကို လိုက်ရှင်းပြ၍လည်းမရ။ ရှင်းပြစရာလည်း ရှိမနေပါ။
ထို့ကြောင့် လတ်တလော ရက်ပိုင်းအတွင်း သူနှင့်ဂျောင်ဝန်းသည် ကျောင်းတွင် မျက်နှာချင်းဆိုင်မိခြင်းပင် မရှိရလေအောင် ခဏတာမျှ ရှောင်ရှားနေရပြီး သတင်းများမြန်မြန်ငြိမ်ကျသွားရေးကို သည်းခံပြီးစောင့်နေရ၏။
ညဘက်တိုင်း ပုံမှန်ဖုန်းခေါ်ဖြစ်ပေမယ့် နှစ်ယောက်ကြားက စကားဝိုင်းတွေက အသက်မဝင်နိုင် မတက်ကြွနိုင်တော့ပဲ နှစ်သိမ့်မှုများ တောင်းပန်မှုများနှင့်သာ ပြည့်နှက်နေသည်။
ထို့အတူ ဂျောင်ဝန်း၏ အပြုံးတွေလည်း အသက်မဝင်ခဲ့တာ ရက်ပိုင်းမျှရှိခဲ့လေပြီ။ ဆောနူ ဂျောင်ဝန်း ပါးချိုင့်ကို နောက်ဆုံးမြင်ဖူးခဲ့တာ ဘယ်နေ့လဲပင်မမှတ်မိတော့။
" အိမ်စာစာအုပ်တွေ စားပွဲပေါ်တင်ထားကြ "
အတန်းခေါင်းဆောင်တာဝန်များကို အဆက်မပြတ် ဆောင်ရွက်ပေးနေရမြဲဖြစ်သော်လည်း ဂျောင်ဝန်းအသံတို့က အားမပါလှပါ။ သိသိသာသာကြီးကို ဖျော့တော့နေပြီး တစ်တန်းလုံးကလည်း ထိုအတွက်ကို နည်းနည်းနေရခက်နေ၏။
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )