ဆိုးလ်မြို့လယ်၏ ညသည် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သော်လည်း ဆိတ်ငြိမ်ရပ်ကွက်အတွင်း၌မူ လမ်းမီးရောင်ဖျဖျမှလွဲ၍ အရာအားလုံးငြိမ်သက်တိတ်ဆိတ်လျှက်ရှိသည်။
ရပ်ကွက်တွင်းမှ လေလွင့်ကြောင်လေးများ တစ်ခါတစ်ရံလမ်းပေါ်၌ ဖြတ်ဖြတ်ပြေးသွားသည်ကို မြင်ရသည်မှလွဲလျှင် ဘေးပတ်ဝန်းကျင်တွင် သွားလာသူမဲ့နေ၏။
ဆောင်းတွင်းမဟုတ်သော်လည်း ညဘက်သည်အတော်ပင် အေးစက်နေကာ ဂျောင်ဝန်း၏ နဂိုပန်းရောင်သန်းသောပါးလေးများကို ပို၍နီရဲစေနေသည်။ သို့သော် ကိုကိုဆုပ်ကိုင်ထားသော လက်တစ်ဖက်ဆီမှအနွေးဓာတ်က တစ်ကိုယ်လုံးကို ပြန့်နှံ့နေသည့်အခါ ဂျောင်ဝန်းစိတ်ထဲတွင်တော့ နွေးထွေးမှုကိုသာခံစားနေရ၏။
ထို့ပြင် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် မေးရိုးထင်းထင်းနှင့် ကိုကို့ဘေးတစ်စောင်းမျက်နှာချောချောကို မော့ကြည့်မိပြန်သည်။ ဂျောင်ဝန်း ဘယ်လောက်ထိ စိတ်ပျော်နေမှန်းကို ပွင့်လင်းတောက်ပသော အပြုံးတို့က သိသိသာသာလှစ်ဟပြထားလေ၏။
" ဒီလောက်ပဲ ကြည့်ပါတော့
ကိုကို့မျက်နှာလည်း ပေါက်ထွက်ကုန်ဦးမယ် "ကိုကိုက အူမြူးနေသည့် ဂျောင်ဝန်းကို စောင်းငဲ့ကြည့်ရင်းပြောတော့ ဂျောင်ဝန်း နှာခေါင်းလေးကိုရှုံ့ရင်း ဆံပင်လေးများဝဲခါအောင်ထိ ခေါင်းယမ်းပြလိုက်သည်။
" ဟင့်အင်း ဆက်တိုက်ကြည့်နေမှာပဲ ! ကျွန်တော်ဘယ်လောက်ထိ ဒီကြည့်ကောင်းတဲ့မျက်နှာကို လွမ်းနေခဲ့ရလဲ သိလား "
အရင်ကထက်တောင် ပိုပြီး ခပ်ချွဲချွဲပြုမူနေပါသော ဂျောင်ဝန်းကြောင့် ဂျုံဆောင်း 'ရူးတော့မှာပဲ' ဟုခပ်တိုးတိုးရေရွတ်ရင်း ဘေးဘက်ကိုမျက်နှာလွှဲ၍ရယ်မိသည်။
ချစ်စရာကလေးဘက်ကို ပြန်လှည့်ကြည့်မိတော့ သူ့ကို မျက်လုံးဝိုင်းကြီးတွေ ပြုံးယောင်သမ်းလျှက် မော့ကြည့်နေကြောင်းကို တွေ့လိုက်ရ၏။ ဂျုံဆောင်း သည်းမခံနိုင်စွာ ထိုအကောင်ပေါက်စလေးကို ရင်ခွင်ထဲစွေ့ကနဲ ဆွဲယူဖက်မိတော့သည်။
![](https://img.wattpad.com/cover/343727361-288-k950676.jpg)
YOU ARE READING
ကြိတ်ပုန်း ကျောင်းတွင်းရည်းစား
Teen Fictionဒီကျောင်းထဲမှာ မထင်မှတ်တဲ့ ကြိတ်ပုန်းအတွဲတစ်တွဲပေါ်လာတယ် ဘယ်ချိန်ကတည်းက အားလုံးကိုလှည့်စားနေခဲ့တာလဲ JAYWON ( Enhypen )