Description

2.6K 148 2
                                    

Unicode

ပိုင်လီရှင်းဟာ ထူးဆန်းတဲ့ဂိမ်းတခုထဲ ဖမ်းမိသွားခဲ့တယ်။

[ဒင်! နစ်မြုပ်နေသောလွတ်မြောက်ဂိမ်းကနေ ကစားသမားတွေကို ကြိုဆိုလိုက်ပါတယ်။ ကံတရားစစ်ဆေးမှုကို စတင်လိုက်ရအောင်! ကံတရားကို ကစားသမားရဲ့ပုံတူလက်ရွေးစင်ထဲမှာ ချိတ်ဆက်ထားပါမယ်။]
တခြားကစားသမားတွေရဲ့ စစ်ဆေးမှုက A, B, B,..
စစ်ဆေးတဲ့စနစ်က ပိုင်လီရှင်းရဲ့ခေါင်းပေါ်မှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားတယ်။

[ဒင်! ဂုဏ်ယူပါတယ် ကစားသမား။ မင်းရဲ့ကံတရားက F- ဖြစ်ပြီး စကြာဝဠာက မင်း ကံမကောင်းဘူးလို့ ယူဆတယ်!]
[ဒင်! ဂုဏ်ယူပါတယ် ကစားသမား။ မင်းဟာ အထူးခေါင်းစဉ်ဖြစ်တဲ့ "ကံဆိုးခြင်းနတ်ဘုရား"(ထူးခြား) ကို ရရှိခဲ့ပါတယ်။]
ပိုင်လီရှင်း : "???"

ဂုဏ်ယူပါတယ်လား? အဲ့ဒါက ဘယ်နေရာမှာ ပျော်စရာကောင်းနေလို့လဲ?

မကြာခင် လွတ်မြောက်ဂိမ်းထဲမှာ ပိတ်မိနေတဲ့ကစားသမားတွေဟာ ဂိမ်းထဲမှာ မယုံနိုင်အောင်လှပပေမယ့် ကြေကွဲဖွယ်ရာကစားသမားတဦးရှိကြောင်းကို တွေ့ရှိခဲ့ကြတယ်။

မျက်နှာက မယုံကြည်နိုင်လောက်စရာ၊ စွမ်းအားက ပြိုင်ဘက်ကင်းပေမယ့် ကံအရမ်းဆိုးလွန်းတာကြောင့် သူ ရရှိခဲ့တဲ့ ပုံတူကမ္ဘာတွေမှာ bug တကောင်ရှိရင်ရှိ မဟုတ်ရင် ထိတ်လန့်မှုက S အဆင့်ပင်။

ဒီအလှလေးဟာ သေချာပေါက်သေတော့မယ်လို့ လူတိုင်းထင်လိုက်တဲ့အချိန်မှာ သူက မရေမတွက်နိုင်တဲ့အဆင့်တွေကိုကျော်ဖြတ်ပြီး မသေမျိုးလမ်းကို စတင်ခဲ့လေတယ်။

ပိုင်လီရှင်း၊ အဆင့်အမြင့်ဆုံးဘော့စ်ဟာ သူ့ခင်ပွန်းကို ရှာဖွေဖို့ ထူးဆန်းတဲ့ဂိမ်းတခုထဲ မှားယွင်းစွာ လမ်းချော်သွားခဲ့တယ်။

နောက်ပိုင်းမှာ သူ့ရဲ့တိုက်ခိုက်သူဟောင်းတွေက ဒီပုံတူကမ္ဘာမှာ အမျိုးမျိုးသောဘော့စ်တွေဖြစ်လာပြီး ဒီဘော့စ်တွေအားလုံးဟာ များသောအားဖြင့် လူသားမဟုတ်ကြောင်း သူ တွေ့ရှိခဲ့ရတယ်။

ရေခန္ဓာကိုယ်၊ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ဘိုဘေး၊ မသေနိုင်တဲ့သူရဲကောင်း၊ နဂါး...

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now