Ch8.1(1:8)

356 55 1
                                    

Unicode

ညနှောင်းပိုင်ထိ လူအတော်များများအလုပ်ရှုပ်နေကြပြီး လီခန့်ခန့်က နိုးလာတယ်။

လီခန့်ခန့်က သူမနိုးလာလာချင်းပဲ အစားတောင်းတာကြောင့် ကျိုးကွမ် ကြိုတင်ပြင်ဆင်ခဲ့တာ မှန်ကန်တယ်။ ရှချီနဲ့ လျန်ရှိတောင်မှ အချိန်အတော်ကြာအောင် အလုပ်ရှုပ်နေခဲ့ပြီးနောက် ဗိုက်ဆာနေကြပြီ။ အဲ့တော့မှ ပိုင်လီရှင်းလည်း တလျှောက်လုံး သူ ဘာမှမစားရသေးတာကို သတိပြုမိတော့တယ်။

တကယ်တော့ သူ နတ်ဘုရားဖြစ်လာကတည်းက ဘာမှစားဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် သူ ဘာမှမစားရင် သူ့ကို မကောင်းဆိုးဝါးလို့ ထင်နေမှာကို စိုးရိမ်တာကြောင့် သူ ဆန်ပြုတ်တချို့ စားလိုက်တယ်။

အဲ့လိုနဲ့ လူငါးယောက်ဟာ ညလယ်ခေါင်မှာ ဆန်ပြုတ်အိုးကို အပြတ်ရှင်းပေးလိုက်ကြတယ်။

သူမက မစ်ရှင်ပြီးမြောက်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ 'မြစ်စောင့်နတ်ရဲ့သတို့သမီး' ဖြစ်နိုင်ချေရှိတယ် ဆိုတာက လွဲပြီးတော့ လျန်ရှိက လီခန့်ခန့်ကို သူမ သတိမေ့သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်တယ်။

လီခန့်ခန့်မေ့နေတုန်းက သူမခေါင်းပေါ်က buff က ဘာမှ ပြမနေခဲ့ဘူး။ အခု သူမနိုးလာတော့ သူမခေါင်းပေါက် buff က ပေါ်လာတယ်။

အရှိန် ၃၀၀%။

လီခန့်ခန့်ရဲ့ဇာတ်ကောင်ကလည်းပဲ အသစ်ဖြစ်တယ်။
[အစေခံ]

သူမက ဘယ်လိုအစေခံမျိုးလဲဆိုတာကို နောက်တနေ့အထိ သူတို့ မသိနိုင်ပေ။

နောက်တနေ့၊ ကြက်တွန်တဲ့အခါ ရှချီပြောခဲ့တဲ့ 'ကစားသမားတွေ ဘယ်ကိုရောက်နေနေ၊ NPC တွေက ရှာနိုင်တယ်' ဆိုတဲ့ အံ့မခန်းမြင်ကွင်းကို နောက်ဆုံးတော့ ပိုင်လီရှင်း မြင်တွေ့ခဲ့ရပြီ။

သူတို့ ၅ယောက်ဟာ မနေ့ညက ညသန်းခေါင်ကျော်တဲ့အထိ မအိပ်ခဲ့ပေ။ နောက်ကျနေခဲ့ပြီးတော့ လုံခြုံရေးက နံပါတ်၁ ဖြစ်တာကြောင့် ဘယ်သူမှ အခန်းခွဲအိပ်ဖို့ အကြံမပြုခဲ့ပါဘူး။

လျန်ရှိက အိပ်ရာတချို့ရှာတွေ့ပြီး ကြမ်းပြင်ပေါ်ခင်းပြီး သူတို့ ၅ယောက်ဟာ သူတို့အဝတ်အစားအတိုင်းပဲ ရိုးရိုးရှင်းရှင် အိပ်ပျော်သွားခဲ့ကြတယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now