Ch 9 (1:9)

323 56 2
                                    

Unicode

ပုန်းရမှာလား?

မေးခွန်းက သူတို့ ဘယ်မှာ ပုန်းသင့်လဲ!

အလင်းရောင်နဲ့ ကျောက်တုံးတွေကြားမှာ လီခန့်ခန့်က ရုတ်တရက် သူမကိုယ်သူမ အရှိန်တင်လိုက်တယ်။

300% အရှိန်နှုန်းဘောနပ်စ်နဲ့အတူ ပိုင်လီရှင်းက သူ့မျက်စိရှေ့မှာ လျှပ်တပြက်အလင်းရောင်သာ မြင်လိုက်ရပြီး သူ့ပတ်ပတ်လည်မှာရှိတဲ့ မီးတိုင်တွေအကုန်လုံး မီးငြိမ်းသွားတယ်။

သူမက ဗိမာန်ရဲ့တံခါးအား ဂရုတစိုက်ပိတ်ဖို့ကိုလည်း မမေ့ခဲ့ဘဲ ပိုင်လီရှင်းရဲ့လက်ကောက်ဝတ်ကိုဆွဲကာ ပုလ္လင်အောက်ကို အမြန်ဆွဲချလိုက်တယ်။

နောက်ဆုံးတော့ လီခန့်ခန့်က နီရဲနေတဲ့မျက်လုံးနဲ့ ပိုင်လီရှင်းကိုကြည့်လိုက်ပြီးနောက် သူ့လက်ထဲက ဖယောင်းတိုင်မီးကို မှုတ်လိုက်တယ်။

တဖက်မှာတော့ သူမက ငိုနေပြီး တဖက်မှာတော့၊ အာ! ဒီမမလေးကတော့ နည်းနည်းကြောက်စရာကောင်းတာပဲ!

အမှောင်ထဲမှာ ပိုင်လီရှင်းက သူ့ဘေးရှိ တုန်ယင်နေနဲ့မိန်းကလေးကို ကြည့်လိုက်တယ်။

သူ့လက်ကောက်ဝတ််ကိုကိုင်ထားတဲ့လက်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေတယ်။ ဒီမိန်းကလေးက သိသိသာသာကို သေလောက်အောင်ကြောက်နေပေမယ့် သူမသွားတွေကို တင်းတင်းစေ့ထားပြီး ဘာသံမှမထွက်ပေ။

ခြေသံက တဖြည်းဖြည်းနီးလာတယ်။

ရုတ်တရက် လီခန့်ခန့်က ပိုင်လီရှင်းလက်ကို ခါယမ်းပြီး စိတ်လှုပ်ရှားထိတ်လန့်စွာ ပြောလေတယ်။
"ကြေးနီသော့! ကြေးနီသော့ကို ပြန်မချိတ်ထားရဘူး!"

ပိုင်လီရှင်းက သူ့တခြားလက်ကောက်ဝတ်မှာရစ်ပတ်ထားတဲ့ ရေစီးကြောင်း ရုတ်တရက် လှုပ်ရှားသွားတာကို ခံစားလိုက်ရတယ်။

သူ့လက်ကောက်ဝတ်မှာ အနည်းငယ် တစစ်စစ်ဖြစ်သွားပေမယ့် မနာကျင်ပါဘူး။

ဒီရေစီးကြောင်းသေးသေးလေးက တိတ််တဆိတ်စီးဆင်းသွားပြီးတော့ ကြေးနီသော့ကို ကောက်ယူကာ တံခါးပေါ် ပြန်ချိတ်ပြီး ဖြည်းဖြည်းချင်း သော့ပိတ်လိုက်တယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now