Ch 2 (1:2)

443 79 1
                                    

Unicode

စားပွဲပေါ်ခေါက်နေတဲ့ သူ့လက်ချောင်းရဲ့လှုပ်ရှားမှုတွေက အနည်းငယ်ရပ်တန့်သွားကာ ပိုင်လီရှင်းရဲ့ နောက်လက်တဖက်က ဆန့်ထုတ်လာပြီး သူ့လက်ဖဝါးထဲမှာ အဖြူရောင်စာရွက်တွေရှိနေတယ်။
"ပြတင်းပေါက်ဖွင့်တုန်းက စာရွက်တွေလွင့်ကုန်မှာစိုးလို့ ကျနော် ယူသိမ်းထားပေးတာ။ ဒီစာရွက်တွေက အဖြေကိုရေးနိုင်တဲ့ တခုတည်းသောအရာပဲလေ။ အဲ့ဒါကြောင့် မပျောက်စေနဲ့"

အဲ့ဒီတော့မှ လူတိုင်းက သူတို့ရှေ့မှာ စာရွက်တွေပျောက်နေတယ်ဆိုတာကို သတိထားမိသွားတော့တယ်။

ပထမတော့ လိုင်းမိသွားလို့ ပျော်သွားတာဖြစ်ပြီး နောက်တော့ ရန်ဟောင်ရဲ့သေဆုံးမှုကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ပြီး နောက်ဆုံး အလောင်းကို လေ့လာခဲ့တယ်။

ဒီပြောင်းလဲသွားတဲ့အဖြစ်အပျက်တွေနဲ့ သူတို့ရှေ့မှာ အဖြေရေးရမယ့်စာရွက်ရှိနေခဲ့တယ်ဆိုတာကို မေ့သွားလေတယ်။

ကျိုးကွမ်က ပိုင်လီရှင်းလက်ထဲက အဲဖြူရောင်စာရွက်တရွက်ကို အမြန်ယူလိုက်ရင်း ကျေးဇူးတင်စွာ ပြောလိုက်လေတယ်။
"ကျေးဇူးတင်ပါတယ်"

ပိုင်လီရှင်း : "ရပါတယ်"

လူတိုင်း စာရွက်တွေယူပြီးတာနဲ့ ပိုင်လီရှင်းက အမှောင်ထုထဲကနေ ဘောပင်တွေဆွဲထုတ်လိုက်ပြီး အပြုံးနဲ့ပြောလိုက်တယ်။
"ဘောပင်တွေလည်း ဒီမှာ"

လူအုပ် : "..." အလှလေး။ မင်းက Doraemon များလား?

သူ ဘောပင်တွေကို ဘယ်နေရာကနေ ဆွဲထုတ်လိုက်တာတုန်းလို့?

လူတိုင်းက သူတို့လက်ထဲမှာ ဘောင်ပင်တွေ ကိုယ်စီရပြီးသွားတဲ့နောက် ကျိုးကွမ်က ထပ်မေးလိုက်တယ်။
"လူသတ်သမားက ဘယ်သူလဲဆိုတာကို မင်းတကယ် သိတာလား?"

ပိုင်လီရှင်းက ကြိမ်လက်ဆွဲသေတ္တာကို ကြည့်လိုက်တယ်။
"အလောင်းမှာရှိနေတဲ့လက်ရာက ကြီးမားတယ်။ ပြီးတော့ လည်ပင်းညှစ်ခံရတာကြောင့် လည်ပင်းက လိမ်ပြီး ပုံပျက်နေတယ်။ ဒါ အတော်လေးများတဲ့ခွန်အားမရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ လက်နဲ့ လူ့ခန္ဓာကိုယ်အမြင့်ကြားမှာ အချိုးကျတဲ့ ဆက်စပ်မှုရှိတယ်ဆိုတော့ လူသတ်သမားရဲ့အရပ်က ၁၇၅ ကနေ ၁၈၀ စင်တီမီတာလောက်ရှိတယ်လို့ တွက်ဆလို့ရတယ်။ လီခန့်ခန့်ကို သံသယရှိသူစာရင်းကနေ ပယ်ချလို့ရတယ်"

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now