Unicode
["မြစ်စောင့်နတ်ရဲ့သတို့သမီး" ဟာ အစမ်းဂိမ်းရဲ့ ပုံတူကမ္ဘာတခု ဖြစ်တယ်။]
[ဝေးလံခေါင်သီတဲ့နေရာတခုမှာ မြစ်စောင့်နတ်ရွာလို့ခေါ်တဲ့ သီးသန့်နေထိုင်တဲ့မျိုးနွယ်စုတစုရှိပြီး မြစ်စောင့်နတ်က အဲ့ဒီမျိုးနွယ်စုကို ကျိန်စာတိုက်ခဲ့တယ်။ ၃နှစ်ကြာတိုင်း မြစ်စောင့်နတ်ကို အလုပ်အကျွေးပြုဖို့ ရွာကနေ အပျိုစင်မိန်းကလေးတယောက်ကို ဆက်သရမယ်; မဆက်သခဲ့ရင် မြစ်စောင့်နတ်က ရွာကို ရေလွှမ်းမိုးပြီး အပြစ်ပေးလိမ့်မယ်။]
[ယစ်ပူဇော်ဖို့အတွက် သဘောတူထားတဲ့၃နှစ်ပြည့်ဖို့ နောက်ဆုံးရက်ဟာ ၇၁ နာရီအကြာမှာ အဆုံးသတ်ပါမယ်။]
[ပုံတူကမ္ဘာပြီးမြောက်ခြင်း အခြေအနေ : ၇၂နာရီကြာအောင် အသက်ရှင်ပါ။]
[အပို ရှာဖွေစူးစမ်းခြင်း : မြစ်စောင့်နတ်ရဲ့ကျိန်စာအကြောင်း အမှန်တရားကို ရှာဖွေပါ။]
[စမ်းသပ်အဆင့်မှာ ကစားသမားကာကွယ်ရေးအဆင့်ကို အသက်သွင်းထားတယ်။ ဂိမ်းအတွင်း ကစားသမားအချင်းချင်းတိုက်ခိုက်မှုကို တားမြစ်ထားတယ်။ တားမြစ်ချက်ကို ချိုးဖောက်ပါက နှောက်ယှက်ခြင်းလို့သတ်မှတ်ပြီး အပြစ်ပေးခံရလိမ့်မယ်။]
[အပြစ်ဒဏ် : ခေါင်းဖြတ်ကွပ်မျက်ခြင်း။]
[ဂိမ်းထဲမှာ ကစားသမား ၂၅ယောက်ရှိပြီးတော့ ဒီကမ္ဘာအတွက် အမှတ်စုစုပေါင်း ၅၀၀၀ ဖြစ်ပါတယ်။ အမှတ်တွေကို နောက်ဆုံးထိ အသက်ရှင်ကျန်ရစ်တဲ့ ကစားသမားတွေရဲ့ လုပ်ဆောင်ချက်အရ ဖြန့်ဝေပေးမယ်။ လုပ်ဆောင်ချက်မြင့်မားလေလေ အမှတ်တွေ ပိုပြီးရလေပါပဲ။]
အေးစက်စက်အီလက်ထရောနစ်အသံက ကစားသမားအားလုံးရဲ့စိတ်ထဲ အသံလွှင့်လိုက်တယ်။ သူတို့တွေက အသံကိုသာကြားရပေမယ့် သူတို့မျက်လုံးရှေ့မှာ မည်းမှောင်နေတယ်။
[ပုံတူကမ္ဘာကို ထည့်သွင်းပြီး ဂိမ်းဖြစ်စဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပါမယ်။ ကစားသမားတွေ ဂိမ်းမှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။]
[ဒင်။ သတိပေးချက်! ညရောက်လာတာနဲ့ ဧရာမအနီရောင်ပင့်ကူဟာ လူတွေကိုဖမ်းဖို့ ထွက်လာလိမ့်မယ်! ကစားသမားအားလုံး ချက်ချင်းပဲ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းကြပါ။]

YOU ARE READING
အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်
HorreurUnicode + Zawgyi This is not my own. I'm just translating for fun. Credit to all original authors and translators. Title: After the Full-Level Boss Entered the Infinite Game By Mistake Author(s) :Mu Bai, 牧白