Ch8.2 (1: 8)

366 61 0
                                    

Unicode

ဘိုးဘေးဗိမာန်ဟာ ပိုင်လီရှင်းရေချိုးခဲ့တဲ့အိမ်နဲ့ သိပ်မဝေးပေ။ ဒီဘိုးဘေးဗိမာန်မှာ ရွာသူကြီးနဲ့ သူ့မိသားစုရဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေ ခင်းကျင်းထားပြီး ပိုင်လီရှင်းနဲ့ လီခန့်ခန့်တို့ရဲ့တာဝန်က အဲ့ဒါတွေကို သန့်ရှင်းရေးလုပ်ဖို့ပဲ ဖြစ်တယ်။

သူတို့ သန့်ရှင်းရေးလုပ်တာ၊ မလုပ်တာက အဓိက မဟုတ်ပါဘူး။ အရေးကြီးတဲ့အရာက ဒီအခွင့်အရေးကို အသုံးချပြီး ဗိမာန်ထဲ ဝင်ခွင့်ရတာပဲ ဖြစ်တယ်။

ဘိုးဘေးဗိမာန်ဟာ များသောအားဖြင့် နေ့လည်အားလပ်ချိန်မှာတောင် ပိတ်ထားတတ်တယ်။ အဲ့ဒါကြောင့် ဗိမာန်ထဲဝင်ခွင့်ရမယ့် တခုတည်းသောအခွင့်အရေးက အခုပဲ ဖြစ်တယ်။

တဒါဇင်လောက်ရှိတဲ့ကျောက်တိုင်တွေကို သပ်သပ်ရပ်ရပ် စီတန်းထားတယ်။ သူတို့တွေက ဖုန်တွေ ဖုံးလွှမ်းနေပြီး ကပ်ထားတဲ့သစ်သီးတွေက ညှိုးနွမ်းနေပြီ။ ကြည့်ရတာ လူနည်းနည်းလေးကပဲ ဒီကို သန့်ရှင်းရေးလာလုပ်တာ သို့မဟုတ် ဂါဝရလာပြုတာ ဖြစ်ပုံရတယ်။

လီခန့်ခန့်ဟာ ဗိမာန်ထဲ ဝင်လာကတည်းက ကောင်းကောင်း မကြည့်ရဲတော့ပေ။ မြင့်မားတဲ့အဖျားရှိန်က သူမရဲ့သတ္တိအများစုကို လောင်ကျွမ်းလိုက်ပုံ ရတယ်။

ပိုင်လီရှင်းက သူမကို ဘေးမှာနားနေဖို့ပြောပြီး သူ့ဘာသာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်။

ကြီးမားတဲ့ဗိမာန်တော့မဟုတ်ပါဘူး။ ပြီးတော့ အပြင်အဆင်တွေကလည်း တခြားဗိမာန်တွေနဲ့ ကွဲပြားခြားနားခြင်း မရှိပါဘူး။

အထိမ်းအမှတ်ကျောက်တိုင်တွေက အရမ်းကို သာမန်ဆန်ပြီး ဘာမှ မတွေ့ပေ။

သူ့နားထဲမှာ အနိမ့်သံက ထပ်ပြီးမြည်ဟည်းလာတယ်။
"မင်းကို ကူညီစေချင်လား?"

ပိုင်လီရှင်းက နံရံကို အနည်းငယ် မှီလိုက်တယ်။
"စိတ်ဝင်စားမှုနဲ့ အဖိုးမခပေးရမှာမျိုးလား?"

တိကျား : "အင်း။ ဟုတ်တာပေါ့"

ပိုင်လီရှင်းက လှောင်လိုက်တယ်။ "မလိုပါဘူး။ ကျေးဇူးပဲ"

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now