Ch 6(1:6)

291 53 2
                                    

Unicode

ပိုင်လီရှင်းနဲ့ရှချီဟာ ဂူထဲဝင်သွားတော့ အဲ့ဒီမကောင်းဆိုးဝါးကောင်တွေက သူတို့နောက် လိုက်မဝင်လာခဲ့ပါဘူး။

ပိုင်လီရှင်းဟာ ဒီနေရာမှာ တခါနေခဲ့ဖူးတယ်။ သူ့ပတ်ဝန်းကျင်မှာ မည်းမှောင်နေပေမယ့် မှတ်ဉာဏ်အရ အတားအဆီးတွေနှင့် ဗွက်အိုင်တွေကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တယ်။

သူ့မြင်ကွင်းရဲ့ညာဘက်ထောင့်နားမှာ friend notification တက်လာတယ်။

ပိုင်လီရှင်းက ဖွင့်ကြည့်လိုက်တော့ လျန်ရှိဆီက မတ်ဆေ့ရောက်နေတာကို တွေ့လိုက်ရတယ်။

လျန်ရှိ : [မင်းတို့အဆင်ပြေကြလား? နေဝင်သွားတာကို ငါတွေ့လိုက်ရလို့၊ ဒါပေမယ့် ခုမှ ၂၂နာရီနဲ့ မိနစ် ၃၀ ပဲ ရှိသေးတာ! ဒီမှာရှိတဲ့အချိန်က ငါတို့ရဲ့အချိန်နဲ့ ကွာခြားနေတယ်]

ပိုင်လီရှင်း : [ငါတို့ အခု အဆင်ပြေတယ်။ ငါတို့ ဂူကိုတွေ့ပြီ။ လီခန့်ခန့် ဘယ်လိုနေလဲ?]

လျန်ရှိရဲ့ဘက်ကနေ တခဏလောက်ကြာသွားပြီးမှ စာပြန်လာတယ်။ [သူတို့ရဲ့အခြေအနေက တည်ငြိမ်နေတယ်]

ပိုင်လီရှင်း : [ငါတို့တွေ မြန်နိုင်သမျှ မြန်မြန်ပြန်လာနိုင်အောင် နည်းလမ်းရှာဖို့ ကြိုးစားမယ်]

လျန်ရှိ : [အိုခေ။ ဂရုစိုက်ပါ]

ရှချီက အနောက်မှာ ခလုတ်တိုက်မိပြီး အသက်တောင် မရှုရဲပါဘူး။
"အကို။ တိရစ္ဆာန်လောကကို ကျနော် မြင်ဖူးတယ်"

"မင်းရဲ့ စကားကို တဝက်ပဲပြောတတ်တဲ့အကျင့်ကလည်း တိရစ္ဆာန်လောက ကပဲလား?"
ပိုင်လီရှင်းက မှိန်ဖျော့ဖျော့အလင်းထဲကနေ မေးလိုက်တယ်။

ရှချီက ထပ်ပြီးခလုတ်တိုက်သွားပြီး သူ့ရဲ့နောက်ဆက်တွဲစကားကို ဆက်ပြောလေတယ်။
"အားကြီးသူက အားနည်းသူကို စားတတ်တဲ့ တိရစ္ဆာန်လောကကို ကျနော် တွေ့ဖူးတယ်။ အစာကွင်းဆက်ထဲမှာ သူတို့အထက်မှာရှိနေတဲ့ မုဆိုးက သူတို့သားကောင်ဘေးမှာ ရှိနေတာကလွဲလို့ တိရစ္ဆာန်တွေက သူတို့ပါးစပ်ထဲကသားကောင်ကို ဘာအကြောင်းပြချက်နဲ့မှ မစွန့်လွှတ်တတ်ဘူး"

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now