Ch 4 (1:4)

322 59 0
                                    

Unicode

ပိုင်လီရှင်းနိုးလာတော့ အရုဏ်တက်ချိန် ကျော်လွန်နေခဲ့ပြီ။

နေရောင်က ဂူထဲမှာ တောက်ပစွာလင်းနေပြီး သတ္တဝါကောင်က နိုးလာမယ့်ပုံမပြဘဲ မေ့မြောနေဆဲပင်။

ပိုင်လီရှင်းက သားမွေးထည်တခုပေါ်မှာ နိုးလာတာ ဖြစ်တယ်။ သူဟာ အဲ့ဒီသတ္တဝါရဲ့အမွေးကို အရင်က မမြင်ဖူးခဲ့ပေ။ သူက ဇဝေဇဝါနဲ့ နူးညံ့တဲ့သားမွေးကို ပွတ်လိုက်တယ်။

မနေ့ညက ဒီသားမွေးထည်က ရှိနေခဲ့သလား?

ရှိနေခဲ့တာ ဖြစ်နိုင်ပေမယ့် မနေ့ညက သူ အရမ်းပင်ပန်းနေတာကြောင့် ဂူထဲကို သေသေချာချာ မကြည့်ခဲ့ရပေ။

သူ မှတ်မိသမျှအားလုံးကတော့ အရမ်းပင်ပန်းနေတာကြောင့် ရေပူစမ်းထဲမှာ သူ အိပ်ပျော်သွားတာကိုပါပဲ။ ပြီးတဲ့နောက် ဒီသားမွေးထည်ပေါ် ဘယ်လိုရောက်လာလဲဆိုတာကိုတော့ သူ မသိပေ။

ညအိပ်ဝတ်စုံက ခြောက်သွေ့နေပြီး မြက်နံ့လေး သင်းနေတယ်။

ပိုင်လီရှင်းက အပျင်းဆန့်ပြီးထလိုက်တော့ လတ်ဆတ်တဲ့ ခံစားချက်လေး ခံစားမိတယ်။ သူ့ ညအိပ်ဝတ်စုံကို ဖြန့်ဖို့ ငုံ့ကြည့်လိုက်တော့ အေးခဲသွားလေတယ်။

ဒုတိယကြယ်သီးကို တတိယမြောက်ကြယ်သီးပေါက်မှာ တွန့်လိမ်စွာတပ်ထားတယ်။

အနည်းငယ်ရှက်ရွံ့စွာနဲ့ ကြယ်သီးတွေကို ပြန်ပြင်တပ်လိုက်ပြီး ထူးခြားတဲ့ဂူထဲ လှည့်ပတ်ကြည့်လိုက်တယ်။

ခရစ်စတယ်တွေနဲ့ ရေပူစမ်းအပြင် ကျောက်နံရံနဲ့ မြေပြင်တလျှောက်မှာ အပင်များစွာပေါက်ရောက်နေတယ်။ သူတို့တွေက သာမန်မြက်ပင်ပေါင်းပင်တွေနဲ့ မတူဘဲ ဆေးပင်တွေနဲ့ တူလေတယ်။

ပိုင်လီရှင်းက လက်သီးဆုပ်လိုက်တယ်။ မနေ့က ဆုံးရှုံးခဲ့တဲ့ သူ့ကြွက်သားတွေက လုံးဝပြန်ကောင်းနေပါပြီ။

ပိုင်လီရှင်းက သူ့ပတ်ဝန်းကျင်ကို လေ့လာနေတုန်းမှာပဲ သူ့နောက်မှာ ခပ်အုပ်အုပ်အသံကြားလိုက်ရတယ်။ သူ့ရဲ့နီရဲနေတဲ့ မျက်လုံး ၄လုံးကိုဖွင့်ပြီး ခေါင်းခါယမ်းနေတဲ့ မကောင်းဆိုးဝါးသတ္တဝါကောင်ဆီကို သူ သွားလိုက်တယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now