Ch-11.2(1: 11.2)

330 44 1
                                    

Unicode

အဝတ်ကြမ်းကိုဝတ်နေတဲ့ ပိုင်လီရှင်းဆီကို ရှချီက ပြေးလာတယ်။
"အကို၊ အဲ့ဒီလူငါးယောက်က ဆင်းမလာသေးဘူး"

သူ့စကားဆုံးသွားတာနဲ့ တောင်ပေါ်ကနေ ဒေါသထွက်နေတဲ့ပင့်ကူနီတွေရဲ့ ဟိန်းဟောက်သံကို ကြားလိုက်ရတယ်။

[ဒင် ကစားသမားတယောက်သေဆုံး၊ ကစားသမား ၁၂ယောက် ကျန်ရှိ]

[ဒင် ကစားသမားတယောက်သေဆုံး၊ ကစားသမား ၁၁ယောက် ကျန်ရှိ]

[ဒင် ကစားသမားတယောက်သေဆုံး၊ ကစားသမား ၁၀ယောက် ကျန်ရှိ]

ကြေညာသံက တခုပြီးတခု ချက်ချင်းထွက်လာတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ထိတ်လန့်နေတဲ့ပုံရိပ်နှစ်ခုဟာ မှောင်နေတဲ့တောင်ကြားကနေ ထွက်ပေါ်လာတယ်။

သူတို့နှစ်ယောက်ရဲ့အနောက်မှာ ကြီးမားတဲ့အရိပ်မည်းတွေအများကြီး ပါလာတယ်။

အဲ့ဒီနှစ်ယောက် တောင်ပေါ်ကနေထွက်သွားတာကိုကြည့်ပြီး အရိပ်မည်းတွေက သူတို့နောက်ကို ဆက််မလိုက်လာကြတော့ပါဘူး။ နေရာမှာတင် အကြိမ်ရေအနည်းငယ်လောက် သူတို့လက်သည်းတွေကို ပွတ်သပ်နေပြီးနောက် မှောင်မိုက်အုပ်ဆိုင်းနေတဲ့ တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြတယ်။

တော်အုပ်ထဲက ထွက်ပြေးလာတဲ့နှစ်ယောက်က ရပ်တန့်ခြင်းမရှိ တံတားပေါ်ကနေ အော်ဟစ်ဖြတ်ပြေးသွားပြီး ရွာထဲဝင်သွားကာ အမှောင်ထုနဲ့ရောစပ်သွားတော့တယ်။

တိတ်ဆိတ်နေတဲ့ရွာက နဂိုတိတ်ဆိတ်ငြိမ်သက်မှုဆီ ပြန်ရောက်သွားပြီး မြစ်ဘေးမှာရှိနေတဲ့လူတွေက မပျော်မရွှင်မျက်နှာနဲ့ အချင်းချင်းကြည့်လိုက်ကြတယ်။

လေထုက အတော်လေး တင်းမာနေတယ်။

သူတို့က အဲ့ဒီကစားသမားတွေနဲ့ မရင်းနှီးသလို သဘောထားကွဲလွဲမှုတွေတောင် ဖြစ်ခဲ့ပါသေးတယ်။ စိတ်မကောင်းဖြစ်မိတယ်လို့ သူတော်ကောင်းယောင်ဆောင်ပြီးပြောတာမဟုတ်ပါဘူး။ အကြောက်တရားကို ကိုယ်ချင်းစာနာမိရုံပါပဲ။

မစ်ရှင်ကို မရှင်းလင်းပြီးသေးသ၍ သေခြင်းချောက်ကမ်းပါးကနေ ရုန်းထွက်ဖို့မလုပ်ဘူးဆိုရင် ဒီလူတွေလိုပဲ အဆုံးသတ်သွားပါလိမ့်မယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now