Ch-11.1 (1: 11.1)

288 41 2
                                    

Unicode

ပိုင်လီရှင်း : "အဘွား ဘာမှမပြောဘူးဆိုရင် ကျနော့်ကို ကိုယ်စားပြောခွင့်ပေးပါ။ ကျနော့်ရဲ့ခန့်မှန်းချက်ကို ပြောပြမယ်"

"ဇာတ်လမ်းရဲ့အစပိုင်းက ရွာသူကြီးပြောတာနဲ့ တူတူလောက်ပဲ ဖြစ်နိုင်တယ်။ ရွာက ၂နှစ်လောက် မိုးခေါင်ရေရှားပြီး သီးနှံတွေမဖြစ်ထွန်းခဲ့ဘူး။ ချမ်းသာတဲ့ကုန်သည် ဟွမ်ယိုချမ်းက ဒီနေရာကိုဖြတ်သွားရင်း မိန်းကလေးပေါင်အာကို သဘောကျသွားတယ်။ လှပတဲ့ပေါင်အာကို ရရှိဖို့အတွက် ရွာကို မငြင်းဆန်နိုင်အောင်လို့ အစားအစာနဲ့ပိုက်ဆံတွေ ကမ်းလှမ်းခဲ့တယ်"

"ပေါင်အာက လှေပေါ် ဘယ်လိုရောက်သွားလဲဆိုတာက အခု ကျနော့်အတွက် မရှင်းဘူး။ အဲ့ဒီတော့ အဲ့အပိုင်းကို ကျော်လိုက်ဦးမယ်။ နောက်ပိုင်းအဖြစ်အပျက်တွေကို ပြောကြတာပေါ့"

"ပေါင်အာက ဟွမ်ယိုချန်းကို သတ်ပြီးတဲ့နောက် ရွာကို နာကြည်းလို့ သူမကိုယ်သူမ သတ်သေခဲ့တယ်လို့ ရွာသူကြီးက ပြောခဲ့တယ်။ ဒါပေမယ့် ကျနော် ဟွမ်ယိုချန်းရဲ့အိမ်ကနေထွက်လာတော့ အဲ့လို မထင်မိဘူး"

"သူတို့က မြစ်ကိုမသွားခင် အဲ့အိမ်မှာ ရက်အနည်းငယ်လောက် နေခဲ့ကြတယ်။ ဒါပေမယ့်  အခန်းမှာက အမျိုးသမီးအဝတ်အစားတွေပဲ များနေပြီး အမျိုးသားအဝတ်အစားက နည်းနည်းလေးပဲ ရှိတယ်။ အဲ့ဒါကြောင့် ဟွမ်ယိုချန်းက အဲ့မှာ သိပ်ပြီး နေလေ့မရှိဘူးလို့ အဓိပါယ်ရတယ်။ ပြီးတော့ ဟွမ်ယိုချန်းရဲ့အိမ်ကနေ အဘွားရဲ့အိမ်ထိ လျှို့ဝှက်လမ်းကြောင်းတခု ရှိနေတယိ။ အဲ့ဒါ ဘယ်သူ့အတွက်လဲ?"

"စန်းပါင်အာနဲ့ ဟွမ်ယိုချန်းအတွက်လား..."

ပိုင်လီရှင်းက ခဏရပ်တန့်ပြီး သူ့အကြည့်က အဘွားစန်းကို စူးစမ်းလေ့လာနေတယ်။
"ဒါမှမဟုတ် မစ္စစ်ဟွမ်နဲ့ ရွာသူကြီးတို့ရဲ့ အနာဂတ်အတွက်လား?"

အဘွားစန်းက တုန်လှုပ်နေခဲ့တယ်။ သူမက ပိုင်လီရှင်းကို ထိတ်လန့်မှုအပြည့်ဖြစ်နေတဲ့မျက်နှာနဲ့ ကြည့်လေတယ်။ သူမ ခြေထောက်နောက်ကိုခလုတ်တိုက်မိပြီး လှုပ်ကုလားထိုင်ပေါ် ပြန်ကျသွားတယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now