Ch 5(1: 5)

455 78 3
                                    

Unicode

သူတို့တွေ သစ်ပင်ကြီးတပင်နားကဖြတ်တော့ ရှချီဟာ လက်သုံးလုံးလောက်ထူတဲ့ သစ်ကိုင်းတကိုင်းကို အလွယ်ကလေး ချိုးယူလိုက်တယ်။ သူက သစ်ရွက်နဲ့သစ်ကိုင်းလေးတွေကို ရှင်းပြီး ပိုင်လီရှင်းကို ပေးလိုက်တယ်။

ပိုင်လီရှင်းက ရှချီကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။

ရှချီ : "အကိုကြီး။ မင်းရဲ့ခွန်အားက အရမ်းနိမ့်နေတယ်။ ဒီအပေါ်မှီထားတာက ရုပ်ပိုင်းဆိုင်ရာအားထုတ်မှုကို လျော့နည်းစေပြီး မပင်ပန်းတော့ဘူးပေါ့"

တုတ်ချောင်းကိုယူလိုက်တဲ့ ပိုင်လီရှင်း : "..."

တခဏလောက် 'ကျေးဇူးတင်ပါတယ်' ပြောရမလား၊ ဒါမှမဟုတ် 'တကယ်ကိုကျေးဇူးပဲ'လို့ ပြောရမလားဆိုတာ သူ  မသိတော့ဘူး။

သူတို့က နောက်ထပ်ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတော့ ပျဉ်ထောင်အိမ်တအိမ်ရှေ့မှာ ရပ်လိုက်ကြတယ်။ ပျဉ်ထောင်အိမ်ရှေ့မှာ 'ဆရာဝန်' ဆိုတဲ့ ဆိုင်းဘုတ်ကို အနီရောင်နဲ့ရေးပြီး ချိတ်ဆွဲထားလေတယ်။

ရှချီက တံခါးကို ကျွမ်းကျွမ်းကျင်ကျင်တွန်းဖွင့်ပြီး ဝင်လိုက်တယ်။ အိမ်ရှေ့ခြံဝင်းငယ်ထဲမှာ စင်တွေအများအပြားရှိနေပြီး တခုစီမှာ ဆေးပင်တွေကို အခြောက်လှမ်းထားတဲ့ ဇကောဝိုင်းတချို့ရှိနေတယ်။

ရှချီက ပိုင်လီရှင်းကို ခြံဝင်းဘေးမှာရှိနေတဲ့အခန်းဆီ ဦးဆောင်လာပြီး တံခါးခေါက်လိုက်တယ်။

အရှည်သုံးချက်၊ အတိုနှစ်ချက်ခေါက်တာဖြစ်ပြီး အသံက စည်းချက်ကျတယ်။

"ဘယ်သူလဲ?"

"ငါပါ။ ရှချီ"

အခန်းတံခါးက အတွင်းထဲကနေ အမြန်ပွင့်သွားတယ်။  တံခါးဖွင့်ပေးတဲ့လူက ပိုင်လီရှင်းကိုတွေ့တော့ သူ့မျက်လုံးတွေ တောက်ပသွားလေတယ်။
"ပိုင်လီရှင်း။ ကောင်းလိုက်တာ။ မင်း အဆင်ပြေတယ်မလား?"

"အတော်ကြာပါပြီ။ ဒေါက်တာလျန်"

ပိုင်လီရှင်းက လျန်ရှိကို အပေါ်အောက်ကြည့် လိုက်တယ်။ သူ့ခေါင်းပေါ်မှာ အဖြူရောင်လေးထောင့်ပဝါတစ်ထည်နှင့် မဲနယ်အပြာရောင်အဝတ်အစားပေါ်မှာ အဖြူရောင် ဆေးဘက်ဆိုင်ရာ အေပရွန်ကို ဝတ်ဆင်ထားတယ်။ သူက အတော်လေး ကြည့်ကောင်းနေတယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now