Ch-10 (1: 10)

339 51 3
                                    

Unicode

[ရှင်းလင်းရေးမစ်ရှင် : ၇၂ နာရီ အသက်ရှင်သန်ပါ။ (41:39:21/72:00:00)]

[အပိုတာဝန် : မြစ်စောင့်နတ်ကျိန်စာရဲ့အမှန်တရားအား ရှာဖွေပါ။ (70%/100%)]

အဘွားစန်းက ထွက်သွားတယ်။

ကျိုးကွမ်က taskbar ကို ပိတ်လိုက်တယ်။ "အချိန်က တိုတောင်းပြီး တာဝန်က ကြီးလိုက်တာ။ လူခွဲပြီး မမှောင်ခင် ဒီမှာပဲ ပြန်စုံကြမယ်"

လျန်ရှိ : "ငါ ထောက်ခံတယ်။ တဖွဲ့က တောင်ပေါ်သွားပြီး ပေါင်အာရဲ့အလောင်းကို ရှာကြမယ်။ နောက်တဖွဲ့က ဟွမ်ယိုချန်းရဲ့အိမ်ကိုသွားပြီး သဲလွန်စရှာမယ်။ ဒါပေမယ့် ငါတို့တွေ ဘယ်လို အဖွဲ့ခွဲမလဲ?"

ပိုင်လီရှင်း : "ဘာဖြစ်ဖြစ် ငါ လုပ်နိုင်တယ်။ မင်းတို့ ကြောက်တယ်ဆိုရင် တောင်ပေါ်ကို ငါသွားလိုက်မယ်။ တောင်ပေါ်ကို  ငါက ပိုရင်းနှီးတယ်"

ရှချီက အုတ်ဂူဖောက်ရမယ့်အကြောက်တရားကို တွန်းလှန်လိုက်တယ်။
"မဟုတ်ဘူး။ တောင်ပေါ်ကို ကျနော်သွားမယ်။ အကိုရှင်းက ဟွမ်ယိုချန်းရဲ့အိမ်ကိုသွားပါ။ အကို့ရဲ့ရှာဖွေနိုင်စွမ်းက ကျနော်တို့အားလုံးထက် သာတယ်။ အဲ့ဒါကြောင့် ကျနော်တို့ရှာမတွေ့နိုင်တဲ့ အသေးစိတ်ကိုပါ ရှာတွေ့နိုင်တယ်။ တောင်ပေါ်ကလမ်းကို ကျနော်သိတာပဲ။ အဲ့ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတာဝန်ကို ကျနော်နဲ့သာ ထားခဲ့လိုက်ပါ"

ပိုင်လီရှင်း : "ကောင်းပြီ။ မင်းမှာ ခွန်အားတန်ဖိုး အမြင့်ဆုံးရှိတယ်ဆိုတော့ မင်းက ပိုမြန်မြန် တူးနိုင်လိမ့်မယ်"

ကျိုးကွမ် : "ငါ ရှချီနဲ့ တောင်ပေါ်ကို တူတူလိုက်သွားလိုက်မယ်"

ပိုင်လီရှင်း : "လျန်ရှိကရော?"

လျန်ရှိ : "ဘာဖြစ်ဖြစ် လုပ်နိုင်တယ်"

ပိုင်လီရှင်း : "မင်းတို့ ၃ယောက်က တောင်ပေါ်သွားကြ။  မမှောင်ခင် အချိန်က ၃နာရီလောက်ပဲ ရှိတော့တယ်။ အသွားအပြန်က ၂နာရီလောက်ကြာတယ်ဆိုတော့ လူပိုများတော့ တူးရတဲ့အချိန် နည်းသွားတာပေါ့"

လျန်ရှိ : "ကောင်းပြီ။ မင်းပြောတာကို နားထောင်မယ်"

လီခန့်ခန့်က ပိုင်လီရှင်းကို ရှက်ရွံ့နေဟန်နဲ့ ကြည့်တယ်။
"ငါတယောက်ပဲ ကျန်တော့တယ်။ ငါ နင်နဲ့လိုက်ရင် နင့်ကို ဆွဲချသလို ဖြစ်မှာလား?"

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now