12

337 40 2
                                    


Unicode

လျန်ရှိ: "ဘာလို့လဲဆိုတော့... အဆိပ်ကြောင့်ပဲ"

ကျိုးကွမ်: "ဘယ်လိုတောင် နတ်ဘုရားအဆိပ်လဲ?! ဘယ်သူက အဆိပ်ခတ်လိုက်လို့ သူတို့အရိုးတွေထိပါ မဲတူးကုန်ရတာလဲ? ဒါ အဆိပ်ကိုသောက်လိုက်ရုံပဲ မဟုတ်ဘူး။ အဆိပ်အိုးထဲ ဝင်စိမ်ထားတာ ဖြစ်နေပြီ"

လျန်ရှိက အရိုးစုအပေါ် ကုသရေးမန္တန်ကို သုံးလိုက်တယ်။

ရှချီက တံတွေးနင်သွားတယ်။ "အကိုလျန်ရှိ။ ဘာတွေလုပ်နေတာလဲ? ဒီအရိုးစုကြီး သူ့ဘာသာမတ်တပ်ထရပ်လာပြီး ကျွန်တော်တို့ကို သေအောင်ခြောက်လှန့်စေချင်နေတာလား?"

လျန်ရှိ : "..." အာ၊ တောင်းပန်ပါတယ်။ ငါ့အလုပ်ရဲ့သဘောသဘာဝကြောင့် ဖြစ်သွားတာပါ။

[ဒင်! ဂုဏ်ယူပါတယ် ကစားသမား။ မြစ်စောင့်နတ်ကျိန်စာရဲ့ 5% ကို ဖွင့်လိုက်နိုင်ပါပြီ။ (လတ်တလောတိုးတက်မှု: 95%/100%)]

စနစ်က ပိုင်လီရှင်းရဲ့စိတ်ထဲ အချက်ပေးလာတယ်။

ရှချီရဲ့မျက်လုံးတွေ ဖြတ်ခနဲ့လတ်သွားတယ်။
"အခု 95% လား? ကောင်းလိုက်တာ။ နောက်ထပ် 5% ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ နိုင်လိမ့်မယ်"

အရိုးစုနှစ်စုက မြေပြင်ပေါ်မှာ ရှုပ်ထွေးနေတယ်။ သူတို့တွေက တခြားပုံမှန်အရိုးစုတွေနဲ့မတူပဲ အစိမ်းပုတ်ရောင် နက်မှောင်နေတယ်။

တိကျားက ပိုင်လီရှင်းရဲ့နားထဲ တီးတိုးပြောလိုက်တယ်။
"အဲ့ဒီအရိုးစုနှစ်စုမှာ အရမ်းပြင်းထန်သန်မာတဲ့ နာကြည်းမှုရောင်ဝါတွေ တွယ်ကပ်နေတယ်"

ပိုင်လီရှင်းက မတ်တပ်ထရပ်လိုက်တယ်။ "ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဒီအရိုးတွေကို အဘွားစန်းဆီ အရင်ပို့ပေးကြစို့။ နောက်ကျတော့မယ်။ အဲ့ဒါကြောင့် မြန်မြန်လေး အဆုံးသတ်လိုက်ကြတာပေါ့။ ပြီးရင် အနားယူရဦးမယ်"

သူ task bar ကို ဖွင့်လိုက်တယ်။ အလောင်းတွေကို ဆယ်ယူဖို့ အချိန် ၃နာရီလောက် ကြာသွားခဲ့တယ်။ မနက်ပိုင်းအလုပ်တွေ အပြင်းအထန်လုပ်ခဲ့ပြီး နေ့ခင်းပိုင်းမှာ ပြေးလွှားနေခဲ့ရတာကြောင့် လူတိုင်း ပင်ပန်းနေကြပြီ။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now