Ch 1 (1:1)

1.1K 115 7
                                    

Unicode

     ပြတင်းပေါက်အပြင်ဘက်မှာ အနက်ရောင်တိမ်တိုက်တွေက လေထုကိုလွှမ်းခြုံပြီး ပြင်းပြင်းထန်ထန်လေတိုက်ခတ်နေတယ်။ လေတိုက်ခတ်မှုကြောင့် ပြောက်ကျားသစ်ရွက်တွေက ဗြောင်းဆန်အောင်ရှုပ်ပွေနေပြီး နောက်တစက္ကန့်မှာပဲ သစ်ပင်ကြီးတပင်လုံး မြေကြီးထဲက ကြွတတ်လာတော့မလိုပင်။

လျှပ်စီးလက်သွားတော့ တောအုပ်အလယ်မှာရှိတဲ့ တခုတည်းသော ထူးဆန်းတဲ့ဟိုတယ်က လင်းလက်သွားတယ်။

ပိုင်လီရှင်းက ပိုးသားညအိတ်ဝတ်အင်္ကျီနဲ့ ပျင်းရိစွာ ထိုင်ခုံနောက်ဘက်ကိုမှီလိုက်ပြီး သူ့မျက်လုံးတွေကို ပွတ်လိုက်တယ်။

ဒါက ဟိုတယ်ဧည့်ခန်းထဲမှာဖြစ်ပြီး သူ အပါအဝင် စုစုပေါင်း လူ ၇ယောက်က စားပွဲဝိုင်းမှာ ထိုင်နေတယ်။ သူတို့တယောက်ချင်းစီရဲ့ရှေ့မှာ ဘောပင်တချောင်းနဲ့ စာရွက်တရွက် ရှိလေတယ်။

အဘိုးကြီး၊ အထက်တန်းကျောင်းသား၊ အနောက်တိုင်းဝတ်စုံနဲ့သက်လတ်ပိုင်းအမျိုးသား၊ ပန်းပွင့်ရိုက်ဂါဝန်ရှည်နဲ့မိန်းကလေး၊ လက်မောင်းမှာ ပန်းပွင့်ပုံတက်တူးထိုးထားတဲ့ ဆံပင်တိုတိုလူငယ်နဲ့ ခွဲစိတ်ခန်းသုံးဝတ်စုံဝတ်ဆင်ထားတဲ့လူငယ်၊ လူတိုင်းရဲ့မျက်လုံးမှာ စိတ်ရှုပ်ထွေးမှုနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပြည့်နှက်နေတယ်။

သူတို့က ဘာဖြစ်လို့ ဒီနေရာကိုရောက်နေမှန်းမသိတာကြောင့် ဇဝေဇဝါဖြစ်နေကာ ခန်းမအလယ်မှာ ကြိမ်နဲ့လုပ်ထားတဲ့ လက်ဆွဲသေတ္တာကြီးတခုရှိနေတာကြောင့်  ထိတ်လန့်နေကြတယ်။

လက်ဆွဲသေတ္တာကိုဖွင့်လိုက်တော့ အထဲမှာ ဆံပင်ရှည်နဲ့အမျိုးသမီးတယောက်က ခွေခေါက်ပြီးရှိနေတယ်။ သူမမျက်နှာက ဖြူဖျော့နေကာ သူမရဲ့ခြေထောက်တွေလက်တွေက မဖြစ်နိုင်လောက်တဲ့အနေအထားပုံစံ ခွေခေါက်လိမ်ယှက်နေတယ်။

အမျိုးသမီးက အနီရောင်ဂါဝန်ရှည်ဝတ်ဆင်ထားပြီး သူမလည်ပင်းနှစ်ဖက်လုံးမှာ သိသာထင်ရှားတဲ့ အနီရောင် လက်ချောင်း ၅ချောင်းရာ ရှိနေတယ်။ ထို့အပြင် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အညိုအမဲဒါဏ်ရာတွေစွဲနေပြီး လူသေကောင်မှာတွေ့ရတဲ့အစက်အပြောက်တွေ ရှိနေတယ်။

အဆင့်မြင့်ဘော့စ်က အသင်္ချေဂိမ်းထဲ မှားယွင်းစွာ ဝင်ရောက်သွားပြီးတဲ့နောက်Where stories live. Discover now