Chapter 2

233 10 1
                                    

(Unicode)

နှိုင်း မင်းသူရဲ့ ကွန်ဒိုထဲကိုဝင်လာခဲ့တယ်။
သူ့ကွန်ဒိုကိုရောက်တော့ 7နာရီ 40မိနစ်လောက်တော့ရှိပြီ။ မင်းသူကတော့ သပ်ရပ်တယ်၊ သန့်ရှင်းတယ်၊ စည်းကမ်းကျတယ်။ အခုလည်း သူနေတဲ့ ကွန်ဒိုတစ်ခုလုံး လုံးဝသန့်ရှင်းနေတာပဲ။ ကွန်ဒိုမှာ အိပ်ခန်း 2ခန်းရယ် ဧည့်ခန်းတစ်ခန်း မီးဖိုချောင် Toilet and bathroom နဲ့ လ‌သာဆောင်ရယ်
ပါတယ်။ နှိုင်း အိမ်ကို စပ်စုချင်စိတ်ပေါ်လာပေမဲ့ နောက်နေ့မှသေချာလိုက်ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မင်းသူက နှိုင်း နေရမဲ့ အခန်းကိုပြပြီး ညစာချက်ဖို့ပြန်ထွက်သွားတယ်။ နှိုင်းလည်း အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး ထိုင်ခုံပေါ်ပစ်တင်ကာ ပင်ပန်းလို့ ခန‌ အိပ်‌ရာပေါ်လှဲလိုက်တယ်။ မျက်လုံးခနပိတ်ပြီး မှေးနေလိုက်တယ်။

မင်းသူလည်း မီးဖိုချောင်မှာ အလုပ်ရှုပ်နေတယ်။ အစက ထမင်းချက်မယ် စိတ်ကူးသော်လည်း မချက်ဖြစ်ခဲ့ဘဲနဲ့ စိတ်ကူးပေါ်လာတာကိုပဲ ချက်ဖြစ်ခဲ့တယ်။ အားလုံးပြီးစီးသွားပြီး ပန်းကန်အကုန်လုံးကို စားပွဲပေါ်တင်ပြီး ‌အချိန်ကိုကြည့်လိုက်‌တော့ 8နာရီ 45မိနစ်လောက်ရှိနေပြီ။ အဲ့တာနဲ့ပဲ နှိုင်းကိုသွားခေါ်ဖို့ အခန်းရှေ့ကို‌ ရောက်လာခဲ့တယ်။ သူတံခါးကိုခေါက်ပြီး နာမည်ကို ခေါ်နေသော်လည်း ဘာမှအခြေအနေထူးမလာခဲ့ဘူး သုံးလေးခါခေါ်လို့ ဘာမှတုံ့ပြန်မှုမရတော့ အခန်းထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

"ဟေ့ကောင် ငါဝင်လာပြီနော်"

အခန်းထဲဝင်လိုက်တော့ ကဲ တွေ့ပါပြီ ကုတင်ပေါ်မှာ ကန့်လန့်ကြီးလှဲအိပ်နေတဲ့သူကို ဘာပစ္စည်းကိုမှ နေရာမချရသေးတာ long coat ကိုလည်း ထိုင်ခုံပေါ်ကို ပစ်တင်ထားလိုက်တာ နှိုင်းကတော့ သူ့အကျင့်တိုင်းပါပဲလေ။ မင်းသူ နှိုင်းကို သေချာကြည့်ကာမှ ရွှေအိုရောင်ဆံပင်က နဖူးပေါ်ဝဲကျနေပြီး ဖြူဖွေးသောအသားအရည်နဲ့ ထင်ဟပ်နေကာ ကော့စင်းနေတဲ့ မျက်တောင်လေးတွေ ဆေးမဆိုးထားတဲ့ နှုတ်ခမ်းနဲ့ ချောမောနေတာထက် တည်ကြည်နေတဲ့ ပုံမျိူးသာဖြစ်တယ်။ မင်းသူလည်း နှိုင်းနားကိုသွားပြီ မနှိုးတော့ဘဲ သူ့ကိုထိုင်ကြည့်မိနေတယ်။ သူ့လက်ချောင်းတွေနဲ့ နှိုင်းရဲ့ပါးကိုထိလိုက် ဆံပင်ကိုထိကြည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အခုချိန် နှိုင်း နိုးသွားမှာကို ကြောက်နေ‌သေးတယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now