Chapter 12

69 6 2
                                    

(Unicode)

ပထမနှစ်အပြီး ကျောင်းပိတ်ရက်နွေရာသီ

ဒီလိုနဲ့ ပထမနှစ် final စာမေးပွဲအပြီး ကျောင်းပိတ်တော့ အကုန်လုံး ကိုယ်နေတဲ့မြို့စီကို အသီးသီးပြန်လာကြတယ်။ နှိုင်းတို့ 5ယောက်ကတော့ တစ်မြို့တည်းဖြစ်လို့ အတူတူပြန်လာကြပေမဲ့ စန္ဒာကတော့ တစ်ခြားမြို့ကဖြစ်လို့ တစ်ယောက်တည်းပဲ ပြန်သွားတယ်။

ကျောင်းပိတ်ရက်အတွင်း နှိုင်းက 10တန်းကျောင်းသားတွေကို စာလိုက်သင်နေတယ်။ မင်းသူကတော့ ပညာဒါနပန်းချီအခြေခံလေး လိုက်သင်နေသလို ရဲရင့်ကတော့ သူ့မိဘ အလုပ်မှာ ဝင်ကူနေပြီး ဟိန်းထက်ကတော့ မိဘပိုင်သစ်သီးခြံထဲ အမြဲရောက်နေတော့တယ်။ သက်ထားကတော့ ကျောင်းပိတ်ရက်အကျိုးရှိစွာ သူ့အတွက် လိုအပ်လောက်မယ့် သင်တန်းတွေဆက်တက်နေတယ်။

အခုလည်း နှိုင်းတစ်ယောက် မင်းသူအိမ်ကို သွားနေတယ်။ မင်းသူက ဒီနေ့ တစ်နေကုန်အားတယ်ပြောလို့ နှိုင်းလာပြီး အနှောင့်အယှက်ပေးတာပါ။ မင်းသူအိမ်ရောက်တော့ အိမ်ထဲမှာ မင်းသူကို လိုက်ရှာပေမဲ့ မတွေ့တာကြောင့် မင်းသူအခန်းထဲကို ဝင်သွားလိုက်တယ်။ မင်းသူက အခန်းထဲမှာ ပန်းချီကို အာရုံစိုက်ဆွဲနေတာဖြစ်ပြီး ပတ်ဝန်းကျင်ကို သတိမရသလိုဖြစ်နေတယ်။ နှိုင်းကတော့ အလိုက်မသိစွာနဲ့

"ဟေ့ကောင် "

မင်းသူလည်း အသံလာရာဘက်ကို ကြည့်လိုက်မှ နှိုင်းကို‌မြင်တော့ ပြုံးပြပြီး

"လန့်လိုက်တာ အဲ့လောက်‌မအော်ပါနဲ့ဟ"

"ငါ ဒီမှာ ရပ်နေတာကြာပြီ မင်းမှမမြင်တာ"

"ငါပုံဆွဲတဲ့ အထဲအာရုံရောက်နေလို့ပါ"

"အင်း ဘာပုံတွေလည်း ပြပါဦး"

နှိုင်းပြောလည်းပြောရင်း မင်းသူနားကိုရောက်သွားတော့တယ်။ မင်းသူဆွဲထားတဲ့ပုံကိုကြည့်လိုက်တယ်။ ပုံက ‌လူနှစ်ယောက် တောင်ကုန်းတစ်ခုပေါ်မှာ ထိုင်နေရင်း နေထွက်လာချိန်ကိုကြည့်နေတဲ့ပုံလေး။ ရိုးရှင်းတဲ့ပုံလေးတစ်ပုံပါပဲ။နှိုင်းက ပုံကိုကြည့်လိုက် မင်းသူကိုကြည့်လိုက် လုပ်နေတယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now