Chapter 26

73 3 0
                                    

(Unicode)

ပြာအိုး‌နှစ်အိုးထားထားတဲ့ မှန်ဘောင်ရှေ့‌မှာ ကောင်လေးနှစ်ယောက်မတ်တပ်ရပ်နေတယ်။ တစ်ယောက်‌ကတော့ အေးဆေးတည်ငြိမ်နေတဲ့မျက်နှာနဲ့ ရှေ့မှာရပ်နေပြီး သူ့ဘေးနားကကောင်လေးကတော့ သူ့ကိုကြည့်နေလေရဲ့။ အဲ့ကောင်လေးက သူ့လက်ကို ကိုင်လိုက်တော့ သူကလည်း အဲ့ကောင်လေးကို ကြည့်ပြီး လက်ကို သေချာပြန်ကိုင်ထားလိုက်တယ်။ သူလည်း သက်ပြင်းချရင်း

"အမေ နောက်ဘဝမှာ အဆင်ပြေတယ်မလား အဖေနဲ့ ပြန်တွေ့နေပြီလား"

မင်းသူက ပြာအိုးတွေကို ကြည့်ရင်း ဆက်ပြောနေတယ်။

"သားကတော့ အဆင်ပြေပါတယ် အခုတလော အလုပ်ရှုပ်နေလို့ အမေတို့ဆီကို မလာဖြစ်တာ သားကောင်းကောင်းမွန်မွန်ရှိနေပါတယ်"

မင်းသူက တစ်ယောက်တည်းပြောနေပြီး နှိုင်းကတော့ ဘာမှဝင်မပြောဘဲ တိတ်တဆိတ်နားထောင်နေတယ်။

"ဒါနဲ့ အမေ သားနဲ့အတူ ဘယ်သူပါလာလဲသိလား နှိုင်းလေ သူသားကို ပြန်လာရှာတယ် အခုသူက သား သူငယ်ချင်း မဟုတ်တော့ဘူး...."

မင်းသူက နှိုင်းကို သေချာကြည့်ပြီး

"သား ချစ်သူဖြစ်နေပြီ......သားတို့ကိုလက်ခံပေးမယ်မလား"

မင်းသူလည်း ပြောရင်းနဲ့ သက်ပြင်းချလိုက်မိတယ်။ နှိုင်းက မင်းသူကို ခေါင်းငြိမ့်ပြလိုက်ရင်း

"အန်တီ ဒီကောင့်ဘေးနားမှာ ကျွန်တော်ရှိနေတော့မှာမလို့ အန်တီ သူ့ကိုစိတ်ချနိုင်ပါပြီနော် အန်တီလို့‌ခေါ်တာထက် အမေလို့ခေါ်ရတော့မလားပဲ"

ကောင်လေးနှစ်ယောက် အရိုးပြာအိုးရှေ့မှာ ခဏကြာတဲ့အထိ ရပ်ပြီး စကားတွေပြောနေကြတယ်။ မင်းသူက ×××နိုင်ငံကို လိုက်လာတော့ သူ့အမေရဲ့ပြာအိုးအပြင် သူ့အဖေရဲ့ပြာအိုးကိုပါယူလာခဲ့တာ။ ပြာအိုးနှစ်ခုလုံးကို တစ်နေရာတည်းမှာပဲ အတူတူထားပေးခဲ့တယ်။

အချိန်ခဏကြာတော့ နှစ်ယောက်လုံးပြန်လာလိုက်ကြတယ်။ ဒီတစ်ခါကတော့ နှိုင်းက ကားမောင်းပြီး မင်းသူကတော့အပြင်ဘက်ကို ငေးကြည့်နေတယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now