Chapter 13

68 4 1
                                    

(Unicode)

နောက်နေ့မနက်

နှိုင်းအိပ်ရာကနိုးလာတော့ 8နာရီပင်ခွဲနေပြီ။ သူလည်း နာရီကိုကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ပုံမှန်ဆိုရင် မင်းသူက သူ့ကို နှိုးပေးနေကျ။ မင်းသူလည်း နှိုင်းနိုးလာတာသိတော့ သူ့ကိုတစ်ချက်ကြည့်ပြီး ဘာစကားမှမပြော။ နှိုင်းထင်လိုက်တာက မင်းသူ သူ့ကို ညကအကြောင်းနဲ့ပတ်သတ်ပြီး စိတ်ဆိုးနေပြီထင်လိုက်တယ်။ ဒါပေမဲ့ နှိုင်းအတွေးမှားသွားတယ်။

"ညက တစ်ယောက်တည်းသွားသောက်နေတာ အကျင့်ကိုမကောင်းဘူး"

မင်းသူနမ်းတာကိုတော့ ထည့်မပြောတော့ပါ။
မင်းသူစကားကြောင့် နှိုင်းဆွံ့အသွားတယ်။
'ဒီလိုဆို ငါ့ကိုစိတ်ဆိုးနေတာ သူ့ကိုသောက်ဖို့ခေါ်လို့ပေါ့' နှိုင်းစိတ်ထဲမှာတွေးနေမိတယ်။

"ဟားဟား ဒါလေးကို မင်းစိတ်ဆိုးနေတာလား ဒါနဲ့ ငါညက ဘယ်လိုပြန်ရောက်လာတာလဲ"

နှိုင်း အကုန်လုံးမှတ်မိနေပေမဲ့ ခပ်တည်တည်နဲ့ မေးလိုက်တယ်။

"အဆောင်ကိုတော့ တည့်တည့်မတ်မတ်ပြန်လာနိုင်တာ မဆိုးပါဘူး၊ အဆောင်ထဲကိုတော့ ငါပဲတွဲခေါ်လာရတယ်"

"အဲ့တာပဲလား"

နှိုင်းမေးလိုက်တော့ မင်းသူလည်း မနေ့ညကအကြောင်းကို ပြန်တွေးရင်း မျက်နှာက အနီရောင်သန်းလာတယ်။

"ဒါပဲပေါ့ ဘာဖြစ်ရဦးမှာလဲ"

နှိုင်းဘာမှ မမှတ်မိဘူးအထင်နဲ့ လိမ်ဖြေလိုက်တယ်။ နှိုင်းတစ်ယောက် မူးပြီး လုပ်ချင်ရာ လုပ်တယ်လို့ပဲ စိတ်ထဲတွေးနေမိတယ်။

"ဪ သိပြီ တစ်ခုခုဖြစ်ခဲ့ရင်လည်း မချန်ထားဘဲပြောပါ"

နှိုင်းကထပ်ပြောလိုက်တော့ မင်းသူက

"ဘာမှမဖြစ်ပါဘူး နောက်တစ်ခါသာ အဲ့လောက်မူးအောင်သောက်မလာနဲ့"

"အေးပါ အေးပါ"

"မအေးနေနဲ့ ထတော့ အခုတင် 8ခွဲနေပြီ"

"မင်းမှ မနှိုးတာ"

"သောက်မြင်ကတ်သွားလို့ မနှိုးတာ ရှင်းလား"

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now