Chapter 23

79 3 0
                                    

(Unicode)

နောက်တစ်နေ့

မနက်ခင်းအချိန်တစ်ခု ပြောရမယ်ဆို နေတောင်မထွက်သေးတဲ့ အချိန်တစ်ခုပေါ့။ ကောင်လေးတစ်ယောက်ကတော့ အပြင်သွားဖို့ ပြင်ဆင်နေတယ်။ Hoodie အနက်နဲ့ jeans pants နက်ပြာကို ဝတ်ထားပြီး ငွေဖြူရောင်ဆံပင်တိုကို သပ်သပ်ရပ်ရပ်ဖြီးထားတယ်။ လည်ပင်းထက်မှာ ဝတ်နေကျမဟုတ်တဲ့ ဆွဲကြိုးအနက်လေးကို ဆွဲထားတယ်။ ပြာလဲ့လဲ့ မျက်လုံးတွေက တောက်ပနေပြီး ပျော်နေတဲ့အရိပ်အယောင်တွေသန်းနေတယ်။

မင်းသူ အပြင်သွားဖို့ ပြင်ဆင်ပြီးချိန်မှာ နှိုင်းကတော့ အိပ်နေဆဲပါ။ မနေ့ညက မင်းသူက မ‌နက်‌အစော တစ်နေရာခေါ်သွားစရာရှိတယ်လို့ ပြောတုန်းက နှိုင်းက လိုက်မယ်ပြောပေမဲ့ နောက်ထပ်ပြောလိုက်တဲ့စကားက 'ငါကိုတော့ ရအောင်နှိုးပေါ့' တဲ့။ မင်းသူကတော့ ခေါင်းငြိမ့်ပြီးလက်ခံလိုက်တယ်။

အိပ်နေတဲ့ နှိုင်းကို ကြည့်ပြီး မင်းသူ ဓာတ်ပုံ 2ပုံလောက်ခိုးရိုက်လိုက်တယ်။ နှိုင်းရဲ့နားကို ကပ်သွားပြီး

"နှိုင်း ထတော့ နှိုင်း ....."

နှိုင်းရဲ့လက်ကို လှုပ်ပြီး နှိုးလိုက်တယ်။ နှိုင်းလည်း မနိုးချင် နိုးချင်ဖြင့် နိုးလာပြီးတော့ မင်းသူကိုပြုံးပြပြီး ပြန်အိပ်မယ်အလုပ် မင်းသူက လက်ကို ရိုက်လိုက်တယ်။

"ထတော့ ငါမင်းကို ခေါ်သွားစရာနေရာရှိတယ်"

"နေ့လည်မှ သွားလို့မရဘူးလား"

မျက်လုံးကို မဖွင့်ဘဲ လေးတိလေးကန်နဲ့ ပြောနေတဲ့ နှိုင်းကို ကြည့်ရင်း မင်းသူ သွားတက်ပေါ်အောင်ပြုံးမိတယ်။

"မရလို့ပေါ့ဟ ထ‌ပါတော့ နော်"

နောက်ဆုံးတော့ နှိုင်းလည်း မင်းသူရဲ့ ပွစိပွစိပြောနေတာကို နားမခံနိုင်တော့လို့ အိပ်ရာထလိုက်ရတယ်။ အိပ်ချင်မူးတူးနဲ့ သွားဖို့ ပြင်ဆင်လိုက်ရတယ်။ နှိုင်းကတော့ ဆွယ်တာအဖြူနဲ့ jeans pants အနက်ကို ဝတ်ထားတယ်။ သူ့ရဲ့ ဂုတ်ထောက်နေတဲ့ဆံပင်ကို တစ်ဝက်စည်းထားလိုက်တယ်။ မျက်နှာကတော့ အစောထရတာကြောင့် သိပ်မကြည် နည်းနည်းစူပုတ်နေသေးတယ်။ မင်းသူကတော့ နှိုင်းပုံစံကို ကြည့်ပြီး ခပ်တိုးတိုးရယ်မိသွားတယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now