Chapter 18

64 3 0
                                    

(Unicode)

တောင်ပေါ်မှာ နေထွက်ချိန်ကို ကြည့်ကြမှာမလို့ အကုန်လုံး စောစီးစွာထကြရတယ်။ မင်းသူဆို အိပ်တောင်မအိပ်လိုက်ရသလို နှိုင်းလည်း ဘာမှမထူးပါဘူး အိပ်ရေးမဝတဲ့ရုပ်နဲ့ပါပဲ။ ကျန်တဲ့သူတွေကတော့ ‌တက်တက်ကြွကြွ‌‌ရှိနေကြတယ်။

မင်းသူနဲ့ နှိုင်း မျက်နှာချင်းဆိုင်မိတော့ မင်းသူက နှိုင်းကိုပြုံးပြလိုက်တယ်။ နှိုင်းလည်း ညတုန်းက အကြောင်းကို တတ်နိုင်သမျှမေ့ထားပြီး ပြုံးပြလိုက်တယ်။ မင်းသူကတော့ နှိုင်းအဆင်မပြေတာကို ရိပ်မိနေတာကြောင့်

"ညတုန်းက အကြောင်းပြန်တွေးမနေနဲ့ ဘာမှလည်းဖြစ်ခဲ့တာမဟုတ်ဘူး"

မင်းသူစကားကြောင့် နှိုင်း သူ့ကိုပြန်ကြည့်ပြီး

"မဟုတ်ပါဘူး ငါက ....."

ပြန်ငြင်းဖို့ လုပ်ပေမဲ့ စကာလုံးကထွက်မလာ

"အေးပါ ထားလိုက်ပါတော့ ပုံမှန်အတိုင်းပဲနေစမ်းပါ"

နှိုင်းလည်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။

တောင်ပေါ်ကို သံဇဉ်က ဦးဆောင်ပြီးခေါ်သွားတယ်။ တောင်ကအရမ်းလည်းမမြင့်ဘူး။ တက်ရတာမခက်ပေမဲ့ စတက်တဲ့သူတွေအတွက် နည်းနည်းပင်ပန်းတာပေါ့။ တောလမ်းလေးအတိုင်း တက်သွားရပြီး လမ်းက အနည်းငယ်ကျဉ်းတယ်။ အတော်အတန်ကြာတောင် သွားပြီးတဲ့အချိန်မှာတော့ သူတို့တွေ တောင်ပေါ်ကိုရောက်လာကြတယ်။ နေထွက်ချိန်နဲ့ ကွက်တိပဲပေါ့။

10 ယောက်လုံး မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီး  နေထွက်တာကိုကြည့်နေလိုက်တယ်။ ဓာတ်ပုံရိုက်တဲ့သူကရိုက်၊ အေးအေးဆေးဆေးထိုင်ကြည့်တဲ့သူကကြည့်နဲ့ပေါ့။ မင်းသူက နှိုင်းရဲ့နောက်မလှမ်းမကမ်းမှာထိုင်နေပြီး ဓာတ်ပုံရိုက်နေတယ်။ ပုံကတော့ ‌နေထွက်တာကို ကြည့်နေတဲ့ နှိုင်းရဲ့ ပုံပါပဲ။ ထိုအချိန်မှာပဲ သက်ထားက ဧကရီနားမှာထိုင်နေရင်းကနေ နှိုင်းနားကို လာပြီးထိုင်လိုက်တယ်။ မင်းသူက သက်ထားကိုကြည့်ပြီး စိတ်ထဲ တစ်မျိူးဖြစ်သွားတယ်။ သက်ထားကလည်း နှိုင်းနဲ့ စကားပြောရင်း ရယ်နေတယ်။ ခဏကြာမှ ဧကရီနားမှာ သွားပြန်ထိုင်နေတယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now