Chapter 11

64 4 1
                                    

(Unicode)

သီတင်းကျွတ်လပြည့်နေ့

ညနေခင်းတစ်ခု လမ်းမပေါ်မှာ လူများရှုပ်ရှက်ခက်အောင် သွားလာနေကြတယ်။ လူကြီးမိဘတွေကို ကန်တော့တဲ့သူက ကန်တော့ ဘုရားသွားတဲ့သူက သွားနဲ့ လမ်းမပေါ်မှာ လူများစည်းကားလို့နေတယ်။

နှိုင်းတို့လည်း လူစုပြီး လူကြီးမိဘတွေကို လိုက်ကန်တော့ပြီး မုန့်ဖိုးများလိုက်တောင်းနေတော့တယ်။ ဒါကတော့ သူတို့အကျင့်ပါ။ ၁၀တန်းလောက်ကတည်းက တစ်အိမ်ဆီကို လိုက်ကန်တော့တတ်ကြတာ အခု အထိပါပဲ တကယ်ဆို မုန့်ဖိုးများအောင် မုန့်ဖိုးလိုက်တောင်းတဲ့ သဘောပါပဲ။ သူတို့လေးယောက်အိမ်တွေကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရိုးနေကြပါပြီ။ အခုသူတို့လေးယောက်ရောက်နေတဲ့ အိမ်ကတော့ မင်းသူတို့အိမ်ကိုရောက်နေကြတယ်။ တကယ်ဆို မုန့်ဖိုးလာတောင်းတာထက် မုန့်ဖိုးဓားပြလာတိုက်နေကြတာဆိုရင် ပိုလို့မှန်မယ်။ ကန်တော့တဲ့ပစ္စည်းက လေးယာက်ပေါင်းမှ တစ်ခု မုန့်ဖိုးတောင်းတော့ လေးယောက်လုံးကို ပေးနေရတယ်။

နှိုင်း : "အန်တီ သားတို့ကို မုန့်ဖိုးပေးဦးလေ"

နှိုင်းကတော့ သူ့အကျင့်အရ ပွင့်လင်းစွာနဲ့ မုန့်ဖိုးတောင်းတော့တယ်။ မင်းသူအမေ(ဒေါ်ဆောင်းသဇင်)ကတော့ ပြုံးလိုက်ပြီး ပိုက်ဆံအိတ်ယူဖို့ထွက်သွားတယ်။ မင်းသူကတော့ နှိုင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ

မင်းသူ : "မင်း ဟိုနှစ်ကောင်ရဲ့အိမ်မှာလည်း တောင်းပြီးပြီ အခုလည်း ထပ်တောင်းနေပြန်ပြီ"

ရဲရင့် : "ငါတို့အိမ်တုန်းကလည်း ပေးလိုက်ရတာ ဟေ့ကောင်မင်းသူ မင်းအိမ်မှာတောင်းတာလည်းဖြစ်သင့်ပါတယ်"

ဟိန်းထက် : "မုန့်ဖိုးတောင်းတာလား ဓားပြတိုက်တာလားတောင် မသဲကွဲတော့ဘူး"

ဒေါ်သဇင်က ပြန်ရောက်ပြီး မင်းသူကို

ဒေါ်သဇင် : "သားရယ် မုန့်ဖိုးပေးတာပဲကို ဘာဖြစ်လို့ အဲ့လိုပြောနေရတာလဲ"

မင်းသူ : "အမေကလည်း သားက ဒီတိုင်းပြောတာကို ဟိုဘက်အိမ်တွေမှာလည်း သူပဲ အရင်ဦးအောင် တောင်းတာ"

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now