ရဲရင့် : "ဘာ"
နှိုင်းလည်း ရဲရင့်အသံကိုကြားပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။ 'ငါပြောတာ ဘာမှားသွားလို့လဲ' စိတ်ထဲမှာတွေးနေမိတယ်။ တကယ်ဆို ရဲရင့်က ဟိန်းထက်ကို သဘောကျနေတာကို နှိုင်းတကယ်မရိပ်မိပါဘူး။ အရိပ်အကဲ နားမလည်ဘူးဆိုရင် ပိုမှန်မယ်။ မင်းသူကတော့ ရှိနေတဲ့ အဖျားလေးတောင် ပျောက်ချင်သလိုဖြစ်သွားတယ်။
နှိုင်း : "အမလေး မင်းကလည်း တိုးတိုးပြောပါဟ"
မင်းသူ : "ဘယ်ကကြားလာတာလဲ"
နှိုင်း : "ကျောင်းက လူတော်တော်များများပြောနေတာနဲ့ ငါစပ်စုလာတာ"
မင်းသူ နှိုင်းရဲ့စကားကြောင့် ရဲရင့်ကို ကြည့်လိုက်တယ်။ 'ရဲရင့် မင်းသာ ဖွင့်မပြောရင် ဘာတွေဆက်ဖြစ်မလဲမသိနိုင်ဘူးနော်'
ဒါကို နှိုင်းကတော့ အလိုက်ကမ်းဆိုးမသိ ဆက်ပြောနေတယ်။ နှိုင်းပြောတာတွေကို နားထောင်ပြီး ရဲရင့်မျက်နှာက တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတယ်။ ဒါကို ပြောနေတဲ့ နှိုင်းက မသိ။ ဘေးနားက မင်းသူကကြည့်ရင်း 'အရိပ်အကဲလုံးဝမသိတဲ့အကောင်ပဲ အရမ်းပြောမနေနဲ့ မင်းအဖေကိုလည်း ကြည့်လိုက်ဦး'
ရဲရင့်လည်း နှိုင်းပြောသမျှတိုင်းကို နားထောင်ပြီးတော့ အခန်းထဲကနေထွက်သွားတယ်။ နှိုင်းက မင်းသူကို ဘာဖြစ်တာလဲဆိုပြီး မေးတော့ မင်းသူကလည်း ဘာမှပြန်မပြော။ နှိုင်းလည်း ငှားလာတဲ့ စာအုပ်တွေကို မင်းသူကိုပေးပြီး သူလည်း စာလုပ်ဖို့ပြင်နေတယ်။ မင်းသူလည်း နှိုင်းပေးတဲ့စာအုပ်တွေကို ကြည့်ရင်းပြုံးမိပြန်တယ်။ 'ဒီလိုဆိုတော့ တစ်မျိုး ချစ်ဖို့ကောင်းတာပဲ' မင်းသူစိတ်ထဲမှာတွေးနေလိုက်တယ်။ သူလည်း ပုံဆက်ဆွဲမနေတော့ဘဲ စာကြည့်စရာရှိတာကိုသာ ကြည့်နေလိုက်တယ်။
******************
2ရက်ကြာပြီးနောက်
မင်းသူ နေပြန်ကောင်းလို့ ကျောင်းပြန်တက်နေပြီ။ ကျောင်းမှာ သူလိုက်မမှီလိုက်တဲ့ စာတွေနဲ့ ကျောင်းတွင်းသတင်းတွေကို သံဇဉ်ဆီကနေအကုန်မေးနေတယ်။ သံဇဉ်က သူငယ်ချင်းအပေါင်းအသင်းများတော့ သတင်းစုံတယ်။ သူလည်း သိချင်တာမှန်သမျှကို သံဇဉ့်ဆီကို အပူကပ်ပြီးမေးတော့တာပါပဲ။
YOU ARE READING
နိဒါန်းတစ်ခုရဲ့အတိတ်
Romanceစိတ်တူကိုယ်တူနဲ့ အကြိုက်မတူတာ မရှိသလောက်ရှားတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက် ဘယ်လိုအကြောင်းကြောင့်ခွဲခွာသွားရတာလဲ ပြန်တွေ့ကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မှာလဲ Start Date : 15 Oct 2023 End Date : 4 Jan 2024 ****************** စိတ္တူကိုယ္တူနဲ႔ အႀကိဳက္မတူတာ...