Chapter 4

111 8 1
                                    

(Unicode)

ကောင်လေးနှစ်ယောက် အပြင်လျှောက်လည်ဖို့အတွက် ပြင်ဆင်ပြီး အခန်းပြင်ထွက်လာတော့ နှစ်ယောက်သားထိပ်တိုက်တွေ့တယ်။ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားတွေ ကြည့်မိလိုက်ရင်း နှိုင်းက

"အယ်......"

"........"

သူတို့ကနှစ်ယောက်လုံး မတိုင်ပင်ဘဲ ဆင်တူဝတ်ထားသလိုဖြစ်နေတယ်။ နှိုင်းက ရှပ်အင်္ကျီအဖြူနဲ့ style pantsအနက် ကိုဝတ်ထားတယ်။ ဆံပင်ကို တစ်ဝက်စည်းထားတယ်။ မင်းသူကလည်း နှိုင်းပုံစံအတိုင်းကို all black ဝတ်ထားတယ်။ အင်္ကျီလက်ရှည်ကို ခေါက်တင်ထားပြီး ဆံပင်ကို မြှောက်မစည်းထားပဲ ပြေပြေလေးသာစည်းထားတယ်။ စတွေ့တုန်းက‌လည်း ပုံစံတူ အရောင်သာကွဲသွားတာဖြစ်ပြီး အခုလည်း အရောင်သာကွဲတယ် ပုံစံကတူနေတယ်။

"ဟုတ်နေပြီ"

"အေးဟ"

နှိုင်း မင်းသူရဲ့နားကိုကြည့်မိလိုက်တော့ နားကပ်5ခုကို တွေ့လိုက်ရတယ်။

"ဒါနဲ့ မင်းသူ နားပေါက်တွေထပ်ဖောက်ထားတာလား မနေ့‌က နားကပ်တစ်ခုမှမဝတ်ထာလို့ မသိတာ အခုမှကြည့်မိတယ် နားပေါက်က 5ပေါက်နဲ့ အရင် ကျောင်းတက်တုန်းက 3ပေါက်တည်းပါ"

"အေး ကြာနေပါပြီ"

"ဪ လှချင်နေတာ‌ နားကပ်တွေအကုန်ထုတ်‌ဝတ်နေတာ"

"မင်းကျတော့ရော လက်မှာ လက်စွပ်ဘယ်နှစ်ကွင်းနဲ့လဲ"

"ဟ မင်းကလည်း အခု 3ကွင်းထဲဝတ်ထားတာပါဟ"

သူတို့အကျင့်နဲ့ အကြိုက်ကတော့ တူတဲ့နေရာတူသလို မတူနဲ့နေရာကျရင်လည်း တစ်စက်တောင်မတူ။ နှိုင်းက နားနာမှာဆိုးလို့ နားပေါက်တစ်ပေါက်တောင်မဖောက်ပေမဲ့ ‌မင်းသူက နားကပ်ဝတ်ရတာကိုကြိုက်တယ်။ ဒီလိုပဲ မင်းသူက လက်စွပ်ဆို မဝတ်ပေမဲ့ နှိုင်းကတော့ လက်စွပ်ဆိုရင် ရှိသမျှလက်ချောင်းတိုင်းကို ဝတ်တတ်တယ်။

"ကဲ စကားဆက်‌မပြောနဲ့တော့ လာသွားမယ်"

"အေးပါ လာပြီ"

မြေညီထပ်ကိုရောက်တော့ ဓာတ်လှေကားရှေ့မှာ နှိုင်းတို့နဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့တယ်။ သူ(မ)ပုံစံက နှိုင်းတို့နဲ့ အသက်မတိမ်းမယိမ်းဖြစ်ပုံရပြီး ဒီနိုင်ငံသူဖြစ်ဖို့များတယ်။ သူ(မ)က နှိုင်းတို့မြင်တော့ ပြုံးပြပြီး

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now