Chapter 17

63 4 0
                                    

(Unicode)

အဖွဲ့ထဲကသူတွေကတော့ မင်းသူကို မကျေမနပ်ဖြစ်နေကြတယ်။ သူတို့ကို ဒီလောက်လှပြီး ဖော်ရွေတဲ့မိန်းကလေးကို မိတ်မဆတ်ပေးဘဲလျှိုထားတယ်ဆိုပြီး မင်းသူကို ဝိုင်းပြောနေကြတယ်။ မင်းသူကလည်း သူတို့ပြောသမျှကို ရယ်ရင်းနဲ့သာ တုန့်ပြန်ပြီး ဘာမှမပြော။ မြတ်သူကတော့ ဒီမြို့ကိုခေါ်လာတဲ့ မင်းသူကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေပြီ။ သူက သံဇဉ့်ကိုတွေ့ချင်နေတာကို။

မကြာပါဘူး သံဇဉ်ရဲ့ ဖော်ရွေမှုရယ် ပွင့်ပွင့်လင်းလင်းပြောတတ်တာတွေကြောင့် တစ်ခြားသူတွေနဲ့ အလွယ်တကူပင် ခင်သွားကြတယ်။ ပထမဆုံးစရောက်တဲ့နေ့မှာတော့ သူတို့လည်း Hotel တစ်ခုမှာပဲ နေလိုက်ကြတယ်။ ဘယ်မှာမသွားနိုင် ခရီးပန်းလာလို့ အကုန်အနားယူလိုက်ကြတယ်။

နောက်နေ့ရောက်မှ သံဇဉ်က မနက်ခင်းတစ်ပိုင်းလုံးကို သူ့မြို့မှာရှိတဲ့ အထင်ကရနေရာတွေ ဘုရားတွေ သမိုင်းဝင်နေရာတစ်ချိူ့နဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ချိူ့ကို လိုက်ပို့ပေးလိုက်တယ်။ လိုက်ပို့ပေးတဲ့သူကလည်း မပင်မပန်းလိုက်ပို့ပေးသလို ကျန်တဲ့သူတွေက တက်ကြွတဲ့ ‌ခြေလှမ်းတွေနဲ့ လျှောက်သွားကြတယ်။

နေ့လည်ခင်းရောက်တော့ သံဇဉ်က သူတို့ကို စားကောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုခေါ်သွားလိုက်တယ်။ အစကတော့ မြို့ခံဖြစ်တဲ့သံဇဉ်က နေ့လည်စာဖိုးရှင်းဖို့လုပ်ပေမဲ့ အကုန်လုံးက လက်မခံဘဲ ပေါင်းရှင်းလိုက်ကြတယ်။

နေ့လည်စာစားပြီးတော့ သူတို့ စခန်းချဖို့ သွားကြမဲ့ တောအုပ်ဆီကို သံဇဉ်က ခေါ်သွားတယ်။ သံဇဉ်ကိုယ်တိုင်က အရင်ကတည်းက တောတွင်းစခန်းချရတာကို သဘောကျတဲ့သူဖြစ်ပြီး တောင်တက်အသင်းအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်လို့ ဒီတောထဲကို လာလေ့ရှိတယ်။ တောအုပ်က ထပ်ထူပြီး စိမ်းစိုနေနဲ့ သက်တမ်းရင့်အပင်တွေလည်း အများကြီးတယ်။ ××× မြို့မှာ camp ထွက်ရင် ဒီတောအုပ်ကိုပဲ လာလေ့ရှိတယ်။ အကြောင်းကတော့ ဘေးမဲ့ပေးထားတဲ့ တရိစ္ဆာန်တွေရှိပေမဲ့ သားရဲတရိစ္ဆာန်တော့လုံးဝမရှိ။ ကြည်လင်အေးမြတဲ့ စမ်းချောင်းတွေ လှပတဲ့ ရေတံခွန်တွေက ×××××တောအုပ်ရဲ့ ဆွဲဆောင်မှုများထဲက တစ်ခုအပါအဝင်ပေါ့။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now