Chapter 7

102 5 1
                                    

(Unicode)

နှိုင်း မင်းသူရဲ့ပုံစံကိုကြည့်ပြီး တော်တော်လေး အံ့ဩသွားတယ်။ သူလည်း ဘာမပြောရမှန်းမသိဖြစ်နေတယ်။ မင်းသူလည်း နှိုင်းဖြစ်နေတဲ့ပုံစံကို ကြည့်ပြီး ရယ်ချင်‌နေကာ တစ်ချက်ပြုံးပြီး နှိုင်းရှေ့ကို တည့်တည့်လျှောက်လာတယ်။ နှိုင်းလည်း မင်းသူကို ကျောက်ရုပ်သဖွယ် ရပ်ကြည့်နေပြီး မျက်လုံးတွေကလည်း မင်းသူကို အကြည့်တစ်ချက်မှမခွာ မင်းသူကတော့ နှိုင်းကိုသေချာကြည့်ပြီး ပြုံးပြလိုက်ရင်း

"ဘာလဲ ငါအရမ်းကြည့်ကောင်းလာလို့ တော်တော်လေးကို ကြည့်နေတာ ငါရှက်လာပြီနော်"

နှိုင်းလည်း အဲ့ကျမှအသိဝင်လာပြီး

"ဟမ်  မဟုတ် .... မဟုတ်ပါဘူး မင်း ဘာလို့ ဆံပင်တွေညှပ်ပစ်လိုက်တာလဲ"
'ဆံပင်အရှည်လေးနဲ့ လှရဲ့သားနဲ့ကို'

"အဲ့တာကြောင့် ငါ့ကို အကြာကြီးကြည့်နေတာပေါ့လေ ပိုချောလာတယ်မလား"

"‌အင်း .... မေးတာကိုဖြေ"

"ငါက အစကတည်းက ဆံပင်အရှည်ကိုထားတာကရည်ရွယ်ချက်ရှိတယ် လုံလောက်တဲ့အရှည်ရှိလာပြီဆိုရင် ငါက cancer patientsအတွက် ဆံပင်လှူမလို့လေ အဲ့တာကြောင့် ငါအရှည်ထားတာ"

"ဪ အဲ့တာကြောင့်လား ကောင်းပါတယ်"

"အေး ဟုတ်တယ် ဒါနဲ့ store ကိုသွားတယ်မလား ဘာတွေဝယ်လာတာလဲ"

"ငါလား စားဖို့လေ အိမ်မှာနေရင်း သရေစာစားဖို့သွားဝယ်တာ"

"ဪ ငါ့ကိုရော မကျွေးချင်ဘူးလား"

"မကျွေးဘူး"

"ဟ မင်းနေနေတာ ငါ့အိမ်ဆိုတာလည်း သိထားဦး"

"အဲ့တော့ ဘာဖြစ်လဲ"

သူများအိမ်ပေါ်လည်း တက်နေသေးတယ်။ ပိုင်စိုးပိုင်နက်လုပ်တဲ့‌သူ့ကို မျက်စောင်းတစ်ချက်ထိုးရင်း

"ဘာမှမဖြစ်ဘူးဟေ့ ဘာမှမဖြစ်ဘူး"

"ဟားဟား မင်းသူ ဒါနဲ့  ငါ့ကို ကစားကွင်း ကို လိုက်ပို့ပါ့လား"

"ဟမ် ...... ကလေးကုလားနဲ့ ကစားကွင်းသွားချင်နေတာလား"

"မင်းကလည်း လိုက်ပို့ပါနော်"

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now