Chapter 14

66 3 1
                                    

(Unicode)

ကျောင်းပိတ်ရက်တစ်နေ့

နှိုင်းနဲ့ မင်းသူ အပြင်လျှောက်သွားကြတယ်။ နှိုင်းကတော့ သူသွားချင်တဲ့နေရာတွေအကုန်လျှောက်သွားနေရတော့ ပြုံးဖြီးလို့ပေါ့။ မင်းသူကတော့ နှိုင်းသွားသမျှနေရာတွေကို လိုက်ပေးနေရတယ်။ ပြောထားမိတော့လည်း ပြောထားမိတဲ့စကားကို တည်ရတာပဲလေ။

နှစ်ယောက်သား ကုန်တိုက်တစ်ခုကိုရောက်သွားကြတယ်။ မင်းသူ ရှပ်အင်္ကျီအနက်လက်ရှည်ကို လက်တစ်ဝက် ခေါက်ဝတ်ထားတယ်။ နှိုင်းကတော့ T shirt အဖြူကို အပေါ်က လက်ရှည်အနက်တစ်ထည် ထပ်ဝတ်ထားတယ်။ Jean pants နက်ပြာကိုတော့ နှစ်ယောက်လုံး ဆင်တူဝတ်ထားတယ်။ နှိုင်းရော မင်းသူပါ လိုအပ်တာတွေအကုန် ဝယ်နေကြတယ်။ နှိုင်းက အဝတ်အစားတစ်ချို့ဝယ်ပေမဲ့ မင်းသူကတော့မဝယ်။ နှိုင်း အင်္ကျီ နှစ်ထည်ယူလိုက်ပြီး သူ့ကိုယ်ပေါ်မှာကပ်ကြည့်ရင်း

"မင်းသူ ဒါငါနဲ့လိုက်လား"

"အေး အဆင်ပြေပါတယ်"

"ဒါဆို ဒါလေးကရော"

"မဆိုးပါဘူး"
'စောက်ကြောင် ပုံစံတူ အရောင်ကွဲ အင်္ကျီ ကိုပြပြီး လိုက်လာဆိုတော့ ရူးနေပြီလား'

"မင်းက အသားဖြူပြီးသားလေ ဘယ်အရောင်နဲ့မဆိုလိုက်ပါတယ်"

"အေးပါ ငါသိပြီးသား"

"ဒါများ မေးနေသေးတယ်"

"တော်ပြီ ဒါလေးပဲယူလိုက်တော့မယ်"

"......."
'ဒီအကောင် ဂေါက်နေပြီ ငါ့ကိုပြတော့ flannel shirt နှစ်ထည် ယူလိုက်တော့ T shirt နဲ့ ရှပ်ကော်လံ လက်ရှည် ဒါဆို ငါ့ကိုဘာလို့မေးနေသေးလဲ' မင်းသူစိတ်ထဲမှာ မကျေမနပ်တွေးနေမိတယ်။

"ဒါနဲ့ မင်းရောမဝယ်တော့ဘူးလား"

"တော်ပြီ"

ကောင်တာမှာ ငွေရှင်းနေတုန်း မင်းသူ ဟိုကြည့်ဒီကြည့်လုပ်နေတယ်။ အဲ့လိုကြည့်နေရင်းမှ သူတို့နဲ့ မနီးမဝေးမှာ ကောင်မလေး 3ယောက် ပြောရမယ်ဆိုရင် သက်ထားရယ် စန္ဒာရယ် ကျန်တဲ့ ကောင်မလေးကိုတော့ သူမမြင်ဖူးဘူး။ သူလည်း ခဏလောက်သေချာလိုက်ကြည့်နေခဲ့တယ်။ နှိုင်းက ငွေရှင်းပြီးတော့ မင်းသူတစ်ခုခုကိုလိုက်ကြည့်နေမှန်းသိလို့ ဘာလဲဆိုတာ လိုက်ကြည့်ပေမဲ့ ဘာကိုကြည့်နေမှန်းမသိရ။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now