Chapter 21

58 3 0
                                    

(Unicode)

တတိယနှစ်စာမေးပွဲနောက်ဆုံးနေ့

စာမေးပွဲဖြေပြီးလို့ တစ်ချိူ့ကျောင်းသားတွေက အခန်းထဲကနေ ထွက်လာကြပြီ။ မင်းသူလည်း သံဇဉ်နဲ့အတူ ထွက်လာလိုက်တယ်။ ကျန်တဲ့သူတွေလည်း အသီးသီးထွက်လာကြတယ်။ သူတို့အားလုံး ကျောင်းအဆောင်တစ်ခု‌ဘေးနားက မြက်ခင်းပြင်ပေါ်မှာထိုင်နေကြတယ်။စကားပြောဆိုပြီး ရယ်မောနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက်စနောက်လို့ပေါ့။

ဟိန်းထက် : "ကဲနောက်ဆုံးတော့ပြီးပြီကွ"

မင်းသူ : "နောက်နှစ်တွေကျန်ပါသေးတယ်"

ဟိန်းထက်က မျက်စောင်းထိုးပြီး

ဟိန်းထက် : "မင်းက အပျော်ကို အမြဲဖျက်တဲ့အကောင်"

နှိုင်း : "မင်းသူရာ သွားပြောမနေပါနဲ့ သောက်ကလေးပျော်ပါစေ"

နှိုင်းက မင်းသူရဲ့ပုခုံးပေါ် လက်တင်ပြီး ပြောလိုက်တယ်။

မြတ်သူ : "အကိုကတော့မပျော်တော့ဘူး"

သံဇဉ် : "ဘာလို့လဲ"

မြတ်သူ : "သံဇဉ်နဲ့ ‌မတွေ့ရတော့လို့လေ"

နှိုင်း : "မခွဲချင်လည်း တစ်ခါသာလိုက်သွားလိုက်တော့ ပိုကိုပိုတယ် အမေ့ကို မိန်းမနောက်သွားပြီးလို့ပြောလိုက်မယ်"

နှိုင်းက အမြင်ကတ်စွာနဲ့ဝင်ပြောလိုက်တယ်။

စန္ဒာ : "ဒါကတော့ ကိုယ်တွေကံကောင်းနော် လမင်းလေ"

လမင်း : "ဒါပေါ့"

စန္ဒာတို့က‌ဝင်ပြောတော့ ရဲရင့်က‌ ဟိန်းထက်ကိုကြည့်ပြီးပြောလိုက်တယ်။

ရဲရင့် : "ဒါဆို ငါတို့ရောပဲလေ"

မြတ်သူရဲ့ မျက်နှာကြီးမဲမှောင်သွားတဲ့ ကျန်တဲ့သူတွေက အကုန်ဝိုင်းရယ်ကြတယ်။

သက်ထား : "ဓာတ်ပုံတစ်ပုံလောက်ရိုက်ကြမလား ကျောင်းမှာတစ်ခါမှမရိုက်ဖူးဘူးလေ"

မင်းသူ : "အေးကောင်းသားပဲ အမှတ်တရပေါ့"

9ယောက်လုံးအတူတူစုလိုက်ပြီး ဓာတ်ပုံ ရိုက်လိုက်ကြတယ်။ သက်ထားက အလယ်ကဖြစ်ပြီး သူ(မ)ရဲ့ညာဘက်မှာက စန္ဒာတို့အတွဲနဲ့ မြတ်သူတို့အတွဲကနေရာယူပြီး ဘယ်ဘက်မှာတော့ ရဲရင့်တို့အတွဲနဲ့ နှိုင်းနဲ့ မင်းသူက နေရာယူထားတယ်။ ဒါက သူတို့ရဲ့ squad ရဲ့လူစုံစွာနဲ့ ရိုက်ခဲ့တဲ့ နောက်ဆုံးပုံဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြဘူး။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now