Chapter 22

90 3 0
                                    

(Unicode)

မင်းသူမှာ ခိုးနားထောင်တတ်တဲ့ အကျင့်တော့မရှိပေမဲ့ ဒီတစ်ခါတော့ သူ့စည်းမျဉ်းကို သူကိုယ်တိုင် ချိုးဖောက်လိုက်ပြီ။ မကောင်းတဲ့အကျင့်ဆိုတာ သိပေမဲ့ သူလုပ်မိလိုက်တယ်။ ဧည့်ခန်းက လူနှစ်ယောက် ပြောတာကို နားထောင်ရင်း မျက်ရည်တွေဝဲလာခဲ့တယ်။

ဒေါ်သီတာ : "ဒါနဲ့ သူဇာ ကိုယ်တို့ အရင်ကပြောထားဖူးတာကိုမှတ်မိသေးလား"

ဒေါ်သူဇာ : "ဘာလဲ သေချာပြောလေ"

ဒေါ်သီတာ : "ကိုယ်တို့ပြောထားတာလေ သူဇာ့သားငယ်လေးနဲ့ ကိုယ့်သမီးကို လက်ထပ်ပေးမယ်ဆိုတာလေ မှတ်မိလား"

ဒေါ်သူဇာ : "ဪ မှတ်မိပြီ ကလေးတွေငယ်ငယ်တုန်းက ကိုယ်တို့ တိုင်ပင်ခဲ့ဖူးတာပဲ"

ဒေါ်သီတာ : "သူဇာ ဒါဆို ကိုယ်တို့ သားငယ်‌လေးနဲ့သမီးနဲ့ကို စေ့စပ်ပေးချင်တာ ဘယ်လိုသဘောရလဲ"

ဒေါ်သူဇာ : "သီတာရယ် သားငယ်ရော သက်ထားလေးရော ငယ်ပါသေးတယ်"

ဒေါ်သီတာ : "သိပါတယ် အခုမဟုတ်ရင် နောက်ကျရင်ရော"

ဒေါ်သူဇာ : "သီတာတစ်ယောက်နဲ့တော့ ခက်ပြီ ကလေးတွေရဲ့ သဘောထားကို အရင်မေးပါဦး"

ဒေါ်သီတာ : "ဟုတ်ပါပြီ ကိုယ်‌တို့မေးကြည့်ကြတာပေါ့"

ဒေါ်သူဇာ: "‌အင်း မေးကြည့်တာပေါ့"

ဒေါ်သီတာ : "ဟုတ်ပြီ"

မင်းသူ သူတို့ပြောသမျှကို အကုန်လုံးကို ကြားလိုက်ရတယ်။ သူ့စိတ်ထဲမှာ အရမ်းတင်းကြပ်လာပြီး ငိုချင်လာခဲ့တယ်။ ဒါပေမဲ့ သူပုံစံကို အတတ်နိုင်ဆုံးထိန်းပြီး အိမ်ထဲကနေ ပြန်ထွက်လာခဲ့တယ်။ ခြံထဲမှာ မြတ်သူကိုတွေ့တယ်။

"မင်းသူ  နှိုင်းဆီကိုလာတာလား"

မြတ်သူလည်း မင်းသူပုံစံကို နှစ်သိမ့်စကားပြောချင်ပေမဲ့ အဲ့လိုပြောတာကရော တကယ် အကျိူးရှိပါ့မလား၊ မင်းသူ လက်ခံနိုင်ပါ့မလားဆိုတာ သူမသိ။ ဒါကြောင့် မင်းသူအမေဆုံးတာနဲ့ပတ်သတ်ပြီး ဘာမှမပြောဘဲ နှုတ်ဆိတ်ပြီးပဲနေနေတော့တယ်။ အဲ့တာက ပိုကောင်းတဲ့ နည်းလမ်းလို့ပဲ သူထင်တယ်။

နိဒါန်းတစ်ခုရဲ့အတိတ်Where stories live. Discover now