လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်
သာယာသော ဆောင်းဦးတစ်ခုရဲ့
နေ့သာတဲ့နေ့တစ်နေ့။.
.
.
." အ ''
"အဲဒီနေရာကို မကိုက်နဲ့လို့ ပြောထားတယ်လေ လူဆိုးကောင်''
ခတ်ဆတ်ဆတ်အော်သံလေး အဆုံးမှာ ရွှင်မြူးနေတဲ့ရယ်သံသဲ့သဲ့ ထွက်ပေါ်လာတယ်။
ဝတ်ရုံဖြူကို ကောက်ဝတ်ပြီး အပြင်ထွက် လာတဲ့ထိ နောက်နားဆီကရယ်သံသဲ့သဲ့ဟာ လွင့်ပျံနေတုန်း။
ဒီလူဆိုးကောင်ဟာလေ လည်ဂုတ်နေရာက အထိမခံနိုင်တဲ့ နေရာမှန်းသိသိကြီးနဲ့ လူလည်ကျနေတာ။
တစ်ညလုံးသူ့အောက်မှာ လူးလှိမ့်နေခဲ့ရတာ မလုံလောက်သေးလို့လား။ အလင်းရောင်လာချိန်ထိ တမှေးမှမအိပ်စက်ခဲ့ရသေး ဒါကိုထပ်ပြီးတော့ သူ့ရဲ့အထိမခံနိုင်တဲ့နေရာကို လာဆွရဲသေးတယ်လား။သဘောကျနှစ်ခြိုက်နေတဲ့ ရယ်သံတွေကို နောက်မှာချန်ခဲ့ရင်း ခြေဗလာနဲ့လျှောက်လာခဲ့တယ်။ ဖြူဖွေးနေတဲ့ ခြေတံရှည်ရှည်လေးတွေဟာ အပုံလိုက်ထပ်နေတဲ့ နှင်းထုထဲခြေချမိတော့ အဖြူရောင်ဝံပုလွေအဖြစ်ပြောင်းသွားတယ်။
ဒါမှသာ အအေးဒဏ်ကိုခံနိုင်မှာ မျက်စိတစ်ဆုံးက နှင်းပြင်ကြီးမဟုတ်လား။ နေရာတိုင်းကို နှင်းတွေဖုံးအုပ်ထားတာများ မြင်မြင်သမျှ အဖြူရောင်နှင်းထုကြီးသာ။တောင်တန်းတောင်ကုန်းတွေပေါ်မှာ၊မြစ်ပြင်ကျယ်နဲ ကျောက်တုံးတွေပေါ်မှာ ယုတ်စွအဆုံး သစ်ပင်တွေပေါ်မှာပါ နှင်းပွင့်ချပ်တွေ မင်းမူလို့။.တမျှော်တစ်ခေါ် ရှုမဆုံးတဲ့ရေခဲပြင်ကြီး။ နေရာတိုင်းနှင်းတွေ ဖုံးလွမ်းနေမှုကြောင့် တောင်များရှိရာ မြောက်ပိုင်းဒေသဟာ တောင်ပိုင်းထက် အအေးပိုတယ်။ မြောက်ပိုင်းနယ်မြေတစ်လုံးထဲမှ အအေးဆုံးနေရာတစ်ခု။ လူသူအရောက်အပေါက်မရှိသလို လူများသွားလာရန်လည်းမလွယ်။ နှင်းများတွယ်ကပ်မှုကြောင့် သစ်ပင်တွေကောင်းစွာမရှင်နိုင်ပဲ အအေးဒဏ်ကို ကြံ့ကြံ့ခံအံတုနိုင်သော သစ်ပင်များသာ
ရှင်ကျန်ရစ်တယ်။ဒီနေရာ ဒီဒေသကို သူပိုင်တယ်။
သူတို့ပိုင်နက်နယ်မြေဟာ အတော်လေးကျယ်ဝန်းတယ်။ ဒီပိုင်နက်နယ်မြေထဲက အဖြူရောင်နှင်းပြင်ကြီးထဲမှာ သူဟာအရှင်နှစ်ပါးထဲက တစ်ပါးပဲဖြစ်တယ်။
အဖြူဆွတ်ဆွတ်အမွှေးအမျှင်တွေကြောင့်
အရှင်ကတော့ သူ့ကိုနှင်းခဲလေးလို့ ခေါ်တယ်။ အရှင်တစ်ဦးတည်းကသာ ခေါ်ခွင့်ရှိတာ။ လက်အောက်ငယ်သားတွေကတော့ အရှင်မလို့ခေါ်ကြတယ်။ တကယ်ဆိုသူလည်းအရှင်တစ်ပါးဖြစ်နေပေမယ့် နေရာတကာအကဲပိုလွန်းတဲ့ အရှင့်ကြောင့် သူ့မှာအရှင်မခေါ်ခံနေရတယ်။
.
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်