ငွေရောင်ဆံနွယ်ဖြူလွလွမှာ ကျောက်စိမ်းဆံထိုးလေး တစ်ချောင်းတည်း.ထိုးထားတာတောင် ပြီးပြည့်စုံနေသလိုမျိုး။
ဖြူဖွေးနူးညံ့လှတဲ့အသားရည်နဲ့ ရိုးရိုးရှင်းရှင်းဝတ်စုံဖြူလေးသာ ဝတ်ထားတာတောင် ရှောင်းကလှရက်လွန်းတယ်။ ခပ်ပါးပါးလေး ရဲနေတဲ့ နှုတ်ခမ်းလွှာဟာ တင်းတင်းစေ့ထားပေမယ့် ပွင့်အာတော့မယောင်။ ညင်သာတဲ့ခြေလှမ်းတွေဟာ သွက်လက်ပေမယ့် အလင်းလိပ်ပြာလေးပျံဝဲနေသလိုရယ်။ ထိုသို့သော အလှတစ်ရားတွေကြောင့် မိဖုရားမုန်းနေမိတာ။"မိဖုရားကို ဂါရဝပြုပါတယ်''
"အင်း....အချိန်တိကျသားပဲ....ရှောင်းကသိပ်လှတာပဲနော် ဒီမှာကြည့် မိန်းမလှလေးတွေခေါ်ထားတယ်..အိမ်း ငွေကုန်ခံပြီး ခေါ်ထားပေမယ့် . သူတို့ထဲမှာ ရှောင်းအလှကိုမှီတဲ့သူတစ်ယောက်မှ မရှိဘူးရယ်....ဒါကြောင့်လှပတဲ့ရှောင်းကပဲ ဒီမိဖုရားကို မျက်နှာသာပေးတဲ့အနေနဲ့.... ကပြပါဦး တောင့်တောင့်ကြီးတော့လုပ်မနေပဲ နွဲ့နွဲ့နှောင်းနှောင်းလေးနော် ''
မိဖုရားရဲ့လေသံက တစ်ကယ်ချီူကျူးနေတာမဟုတ်ပဲ ခနဲ့သံတွေ။ ဘေးနားက တခစ်ခစ်ရယ်သံတွေဟာ ဒေါသတကြီးလှည့်ကြည့်တဲ့ ရှောင်းရဲ့မျက်လုံးနီနီတွေကြောင့် အသံတွေတိတ်ကုန်တယ်။
ဒီလင်တရူးနေတဲ့ မိန်းမအိုကြီးကတော့ သေချင်နေပြီထင်တယ်။ မိဖုရားဟာ ရှောင်းကိုနှိပ်ကွပ်ချင်လို့ တမင်သက်သက်လုပ်တယ်ဆိုတာ သိပေမယ့် သူစိတ်မထိန်းနိုင်ပါ။ တစ်ခါတည်း ဒီမိန်းမရဲ့ လည်ချောင်းသွေးကို ကိုက်ဖောက်ပစ်ချင်စိတ်တွေ ပေါ်လာတယ်။
"မိဖုရားတစ်ခုခုတော့ နားလည်မှုလွဲနေပြီထင်တယ်....မိဖုရားအုပ်ချုပ်ရမှာ အနောက်ဆာင်ပါ ကျွန်တော်က သတ်ကွင်းထဲက စစ်သားတစ်ယောက် မိဖုရားအပိုင် မဟုတ်ဘူးထင်တယ်''
ရှောင်းကျန့်မှာ အစွမ်းထက်တဲ့လျှာတစ်ချောင်း ရှိနေတယ်ပေါ့။ တောကဖမ်းခေါ်လာခံရတဲ့ ကောင်ကများ သူမကိုတောင် ခံပြောရဲနေတာ ဘယ်သူ့အားကိုးနဲ့လည်း သို့သော် သူပြောတာတွေမှန်နေတော့ မိဖုရားရဲ့ ဒေါသတွေဟာ အနားက အစေခံမိန်းကလေးတွေအပေါ် ကျရောက်ကုန်တယ်။
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်